Lifestyle

Fever Clinic လာပြတဲ့ လူနာတစ်ဦးမှာ ကိုဗစ်လက္ခဏာတွေ့ပြီး အရေးပေါ်အခြေအနေ ရှိနေ

အင်းစိန်မြို့နယ်က Fever Clinic ဆေးခန်းကို လာရောက်ပြသတဲ့ လူနာတစ်ဦးမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိရတဲ့အပြင် အရေးပေါ်အခြေအနေဖြစ်နေတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံကြီးကို လွှဲပြောင်းဖို့စီစဉ်နေတယ်လို့ Community Fever Clinic Yangon Networkက မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ဒီနေ့ဆိုရင် လာပြတဲ့ သက်ကြီးတွေပါတယ် သက်ကြီးရွယ်အိုတွေလာပြတယ် ၊ဒီထဲက တစ်ဦးက ဆီးချိုအခံရှိတယ်၊ရင်ကြပ်ပန်းနာ အခံရှိတယ်အသက်လည်းကြီးတယ်၊မောလည်းမောနေတယ်၊ဖျားလည်း ဖျားနေတယ်၊ ရက်လည်းရှည်နေတယ်ဆိုတော့ emergency အခြေအနေဖြစ်နေတယ်။ ဒါကြောင့် ချက်ခြင်းကုသမှုပေးတယ်။ ချက်ချင်း သင်္ဃန်းကျွန်းစံပြဆေးရုံကိုလွှဲဖို့ စီစဉ်တယ်။ဆေးရုံတွေက emergency အတွက် ကုတင် ၂ လုံး ၊ဒါမှမဟုတ် ၃ လုံးလောက်တော့ ချန်ထားတယ်။ ” လို့ Community Fever Clinic Yangon Networkက မှ တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းကပြောပါတယ်။

အင်းစိန်မြို့နယ် Fever Clinic မှာ လာရောက်ပြသသူတစ်ဦးအား ကျန်းမာရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ – ဒေါ်မာမာကြည်)အဆိုပါ လူနာဟာ တာမွေမြို့နယ်မှာနေထိုင်သူဖြစ်တာကြောင့် သူနဲ့နီးစပ်တဲ့ သင်္ဃန်းကျွန်းဆေးရုံကြီးကို လွှဲပြောင်း ကုသမှုခံယူဖို့ လုပ်ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဆေးခန်းကိုလာရောက်ပြသ သူတွေထဲကမှ Swab ယူဖို့ လိုအပ်သူတွေကို Swab ယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပေးတာဖြစ်ပါတယ်။အဲ့ဒီနောက် ဆေးစစ်ချက်အဖြေမသိရှိရခင် မိမိနေအိမ်မှာသာ သီးသန့်နေထိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။” သောကြာနေ့က ဓာတ်ခွဲနမူနာ ရယူတဲ့ ၂၀ ထဲက ၆ ဦး positive တွေ့တယ်။ တနင်္လာနေ့က ယူတဲ့ ၃၂ ယောက်ထဲကလည်း Positive တော်တော်များများ တွေ့ဖို့ များတယ်။ “လို့ ကိုကျော်မင်းထွန်းကပြောပါတယ်။

အင်းစိန် Fever Clinic မှာ ကိုဗစ်ဓာတ်ခွဲနမူနာ ရယူခြင်းကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ထဲက စတင်ခဲ့တာဖြစ်ပြီး မနက်ဖန်မှာလည်း Swab ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။credit