Knowledge

“ခရီးသွားရာဇဝင် လိမ်လည်ပြောဆိုသည့် မိုးညိုမှ ကိုဗစ်-၁၉လူနာ”

Zawgyi

စက်တင်ဘာ ၁၄ရက်က ပိုးတွေ့လူနာအဖြစ်အတည်ပြုခဲ့တဲ့ ရန်ကုန်က ပြန်လာသူက သူရဲ့ကိုယ်ပိုင်ကားနဲ့ ပြန်လာခဲ့တယ်လို့ လိမ်လည်ထွက်ဆိုခဲ့တာကြောင့် လက်ရှိမှာ သူနဲ့ထိစပ်သူတွေကို အရေးပေါ်လိုက်ရှာနေရတယ်လို့ မိုးညိုမြို့ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာကျော်မိုးက ပြောပါတယ်။ သြဂုတ်လ ၂၇ ရက်က ပြန်ရောက်ခဲ့တာြဖစ်ပြီး အဲ့ဒီအချိန်က ရန်ကုန်က ပြန်လာသူတွေကို အိမ်မှာပဲ အသွားအလာကန့်သတ်နေကြဖို့သာ ထုတ်ပြန်ထားတာကြောင့် အိမ်မှာပဲ နေခိုင်းထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ အနံ့ပျောက်တာတွေ ဖြစ်လာခဲ့လို့ ဆေးရုံကိုတင်ဖို့ စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။ “ခေါ်တော့ ထုံးစံအတိုင်း ခရီးသွားရာဇဝင်မေးတာပေါ့ သူကအဲ့ချိန်မှာရော နောက်ရက် နောက်ရက်တွေမှာရော သူ့ကားနဲ့သူပြန်လာတယ်လို့ပဲ ပြောတယ်၊ သူကလည်း ဆေးရုံကို လာတော့ကျနော်တို့က လူနာတင်ကားတွေဘာတွေစီစဉ်ထားပြီး သွားခေါ်တယ် ဒီကလည်း အဆင်သင့်စောင့်နေတာ ရောက်ချလာတော့ သူကားသူ မောင်းပြီးရောက်ချလာတာ” လို့ ပြောပါတယ်။ အဲ့ဒီကားနဲ့ပဲ သွားလာနေတာပါလို့သာ ပြောဆိုခဲ့တာ ကြောင့် လမ်းမှာ အတက်အဆင်း လုပ်သူရှိမရှိ၊ အဖော်လိုက်ပါသူ ပါမပါ မေးမြန်းခဲ့ပေမယ့်လည်း နေမကောင်းချင်သလို ဖြစ်နေတာကြောင့် တစ်ယောက်တည်း ဖြေးဖြေးလေးပဲ ‌မောင်းလာခဲ့တယ်လို့သာ ဖြေတယ်လို့ ပြောပါတယ်။ ဒီနေ့မှာပဲ သူငှားစီးခဲ့တဲ့ ဆိုင်ကယ် ကယ်ရီသမားက အနံ့မရတော့လို့ ဆေးရုံလာတက်တဲ့ အချိန်မှသာ သူလိမ်ညာခဲ့တာကိုသိခဲ့ကြတာပါလို့ ပြောပါတယ်။ “ဒီကောင်လေးကို ဒီနေ့စစ်မေးလိုက်တဲ့ အချိန်မှာ မြို့မရောက်ခင်

တနေရာမှာ ဆင်းပြီး ဆိုင်ကယ်နဲ့ ကြိုလာတာ လမ်းကြုံလို့တင်လာတာတဲ့ လမ်းကြုံလို့ တင်ရအောင် ဘယ်ကဆင်းလာလို့လဲဆိုတော့ KKP ကားပေါ်ကဆင်းလာတယ်ဆိုပြီးပြောတာပေါ့” လို့ ဆိုပါတယ်။ ဒီနေ့ထိ သူ့ကားနဲ့ ပြန်လာတယ်လို့သာ လိမ်လည်နေခဲ့လို့ မြို့အတွက်စိုးရိမ်စရာဖြစ်တာကြောင့် တရားစွဲမယ်လို့ ပြောခဲ့ရတယ်လို့လည်းပြောပါတယ်။ အဲ့ဒီအတည်ပြုလူနာနေခဲ့တဲ့ နေရာနဲ့ ပတ်ဝန်းကျင်က လူတွေကို ကျန်းမာရေးဌာနကစောင့်ကြည့်ဖို့ ခေါ်ထားပြီး ခန့်မှန်းလူဉီးရေ၂၀ ကျော်ရှိနေပါပြီ အဲ့ဒီလူတွေက သူပြောပြလို့ သိရတာ မဟုတ်ပဲ ကျန်းမားရေးဌာနက လိုက်စုံးစမ်းပြီး သိခဲ့သူတွေအပြင် တချို့က သူနဲ့ ထိတွေခဲ့လို့ သူတို့သေဘာနဲ့ လာပြီး စာရင်းပေးကြတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအတည်ပြုလူနာ စီးလာတဲ့ ကားက ရက်အတော်ကြာနေပြီဖြစ်လို့ ကားနံပါတ်ကို အတည်ပြုပြီး မိုးညိုမြို့ ကျန်းမာရေးဌာနက စုံစမ်းနေတယ်လို့သိရပါတယ်။credit