Lifestyle

လမ်းဘေးမှာ ဖျော်ဖြေတင်ဆက်မှုလုပ်နေတဲ့ သရုပ်ဆောင်ကို တကယ်ဒဏ်ရာရနေတယ်ထင်ပြီး ဝင်ကူညီပေးခဲ့တဲ့ ခွေးလေး (ရုပ်သံ)

Zawgyi

Turkey နိုင်ငံရှိ လမ်းမကြီးဘေးတစ်နေရာမှာ ပြဇာတ်show တစ်ခုလုပ်နေရင်း Numan Ertugrul Uzunsoy အမည်ရှိတဲ့ သရုပ်ဆောင်တစ်ဦးက ဒဏ်ရာကြောင့်နာကျင်လွန်းလို့ ကြမ်းပြင်ပေါ်လဲကျသွားတဲ့ဇာတ်ရုပ်မျိုးသရုပ်ဆောင်နေခဲ့တာပါ ။

သို့ပေမဲ့ လဲကျနေတဲ့ Uzunsoy ကိုဒဏ်ရာရနေတယ်လို့ အမှန်တကယ်ထင်ပြီး လမ်းဘေးခွေးတစ်ကောင်က ဝင်ရောက်ကူညီပေးခဲ့ပါတယ် ။ ခွေးလေးက Uzunsoy အနီးသို့ရောက်ရှိလာပြီး တိုးဝှေ့ပူးကပ်နမ်းရှိုက်ကာ ပွေ့ဖက်ပေးခဲ့ပါတယ် ။ ခွေးလေးရဲ့ ကြင်နာတတ်တဲ့ချစ်စဖွယ်ကောင်းလွန်းတဲ့ အခိုက်အတန့်လေးကို video အမိအရရိုက်ယူထားနိုင်ခဲ့ပါတယ် ။

သရုပ်ဆောင် Uzunsoy ရဲ့ပြောပြချက်အရ ‘ ကျွန်တော့်မျက်နှာ နွေးထွေးလာတယ်လို့ခံစားလိုက်ရတယ် ၊ အစပိုင်းတော့ အခြားတွဲဖက်သရုပ်ဆောင်တွေ ကျွန်တော့်အနားရောက်လာတယ်လို့ ထင်နေခဲ့တာ ၊ သိလိုက်တဲ့အချိန်မှာတော့ စိတ်မထိန်းနိုင်တော့ဘဲ ကျွန်တော်ပြုံးလိုက်မိတယ်ဗျ ၊ ခွေးလေးက ကျွန်တော့်ကိုနမ်းလိုက်တော့ အတော်လေးပျော်မိတယ်

ရင်ထဲထိသွားတာပဲ ၊ ကျွန်တော့်ကို ကူညီပေးချင်တဲ့ နတ်သားလေး ကျနေတာပဲ ၊ ကျွန်တော့်အတွက် အတော်လေးရင်ထဲထိစေခဲ့တဲ့ အခိုက်အတန့်လေးပါ ၊ ကျွန်တော်အဲ့လိုဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျ ” ဆိုပြီး သူ့ရဲ့အဖြစ်အပျက်ကို ဖော်ပြခဲ့ပါတယ် ။

 

ဖျော်ဖြေတင်ဆက်မှုလုပ်နေတုန်းဆိုတော့ ခွေးလေးကိုအပြင်ဖက်သို့ခေါ်ထုတ်သွားခဲ့ပါတယ် ။ ခွေးလေးကလည်း Uzunsoy ရဲ့အခြေအနေကို ကြည့်လိုက်ပြီး ၊ Ok ပြီဆိုတော့မှ အဆိုပါနေရာကနေထွက်ခွာသွားခဲ့ပါတယ် ။ Uzunsoy က ခွေးလေးနဲ့ပြန်ဆုံချင်လို့ နောက်တစ်ရက်မှာတော့ အဆိုပါနေရာမှာပဲ ခွေးလေးကိုပြန်လာရှာခဲ့ပါတယ် ။

အနီးအနားပတ်ဝန်းကျင်မှလူများကတော့ ခွေးလေးဟာအဆိုပါ ပတ်ဝန်းကျင်မှာပဲ လည့်ပတ်သွားလာနေကြောင်း ပြောပြခဲ့ပါတယ် ။ Uzunsoy ကတော့ ‘ ခွေးလေးကို တွေ့အောင်ရှာအုံမယ် ၊ ကျွန်တော်လည်း တိရစ္ဆာန်ချစ်တတ်တဲ့သူမို့ပါ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။credit

İzmit Belediyesi 30 Ağustos Etkinlikleri kapsamında yapılan tiyatro oyununda, yaralı rolü yapan oyuncuya, sokak köpeği den şefkat gösterisi..

Posted by Kocaelivizyon.com on Wednesday, 2 September 2020