Knowledge

အိန္ဒိယနိုင်ငံက PUBG Player တွေကြားမှာ ခေတ်စားနေတဲ့ PUBG အသုဘပွဲများ

Zawgyi

မကြာသေးခင်အချိန်တုန်းက အခု အိန္ဒိယအစိုးရကနေ ထပ်မံ Banned လိုက်တဲ့ list ထဲမှာ PUBG Mobile Nodric Map: Livik, PUBG Mobile Lite, WeChat reading, WeChat work, Cyber Hunter, Knives Out, Smart ApplLock အစရှိတဲ့ နာမည်ကြီး Mobile App တွေ ပါဝင်ကြောင်း သိရပါတယ်။

တစ်ခြား တရုတ်နိုင်ငံထုတ် Apps တွေ Banned တာဟာ အိန္ဒိယနိုင်ငံသားတွေ အတွက်တော့ ဘာမှ သိပ်မထူးခြားပေမယ့် PUBG Mobile ဂိမ်းကို Banned ပစ်လိုက်တာတော့ အိန္ဒိယလူငယ်တော်တော်များများက မကျေနပ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ခုနှစ် စစ်တမ်းအရဆိုရင်တော့ အိန္ဒိယနိုင်ငံအတွင်းမှာ PUBG Mobile ဂိမ်းကစားသူဦးရေဟာ ၃၃ သန်းကျော် ရှိနေလို့ပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လူငယ်တွေကြားထဲမှာ ကစားတာ အများဆုံးဂိမ်းကတော့ PUBG နဲ့ Mobile Legends ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အိန္ဒိယအစိုးရဟာ တရုတ်နိုင်ငံထုတ် PUBG ဂိမ်းဟာ အိန္ဒိယနိုင်ငံ လုံခြုံရေးကြောင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ PUBG ဂိမ်းအား နိုင်ငံအတွင်း ဆော့ကစားမှုကို ပိတ်ပင်ခဲ့ပါတယ်။

ဒါ့ကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ PUBG gamer တွေဟာ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ကို မကြိုက်ကြောင်း တစ်ဖက်လှည့်ပြောပြတဲ့အနေနဲ့ PUBG ဂိမ်းအသုဘပွဲတွေကို တစ်နိုင်ငံလုံးအနှံ့မှာ ကျင်းပခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း PUBG ဂိမ်းကစားတဲ့ လူငယ်တွေဟာ အဖြူရောင်ဝတ်စုံလေးတွေ ဝတ်ပြီး PUBG ပိုစတာလေးတွေကို ပန်းကုံးစွပ်ပြီး အသုဘပွဲပုံစံတွေ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။ “လက်ရှိက COVID 19 ကာလဆိုတာတော့ လူတိုင်းသိကြမှာပါပဲ။ ဒီလိုအချိန် အိမ်မှာနေရင်းနဲ့ PUBG ဂိမ်းကိုပဲဆော့ပြီး တစ်နေ့တစ်နေ့ စိတ်အပန်းဖြေပြီး နေနေရတာပါ။

ဒါကို နိုင်ငံတော် လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းပြီး PUBG ဂိမ်းကို ဆော့ခွင့်ပိတ်လိုက်ပါတယ်။ အခုဆိုရင် ဆော့တာနဲ့ဆော့တဲ့လူတွေကို ဖမ်းတော့မယ့်ပုံစံတွေနဲ့။ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ အိန္ဒိယနိုင်ငံသား PUBG ကစားသူ လူငယ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

Unicode

မကြာသေးခင်အချိန်တုန်းက အခု အိန္ဒိယအစိုးရကနေ ထပ်မံ Banned လိုက်တဲ့ list ထဲမှာ PUBG Mobile Nodric Map: Livik, PUBG Mobile Lite, WeChat reading, WeChat work, Cyber Hunter, Knives Out, Smart ApplLock အစရှိတဲ့ နာမည်ကြီး Mobile App တွေ ပါဝင်ကြောင်း သိရပါတယ်။

တစ်ခြား တရုတ်နိုင်ငံထုတ် Apps တွေ Banned တာဟာ အိန္ဒိယနိုင်ငံသားတွေ အတွက်တော့ ဘာမှ သိပ်မထူးခြားပေမယ့် PUBG Mobile ဂိမ်းကို Banned ပစ်လိုက်တာတော့ အိန္ဒိယလူငယ်တော်တော်များများက မကျေနပ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ခုနှစ် စစ်တမ်းအရဆိုရင်တော့ အိန္ဒိယနိုင်ငံအတွင်းမှာ PUBG Mobile ဂိမ်းကစားသူဦးရေဟာ ၃၃ သန်းကျော် ရှိနေလို့ပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လူငယ်တွေကြားထဲမှာ ကစားတာ အများဆုံးဂိမ်းကတော့ PUBG နဲ့ Mobile Legends ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အိန္ဒိယအစိုးရဟာ တရုတ်နိုင်ငံထုတ် PUBG ဂိမ်းဟာ အိန္ဒိယနိုင်ငံ လုံခြုံရေးကြောင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ PUBG ဂိမ်းအား နိုင်ငံအတွင်း ဆော့ကစားမှုကို ပိတ်ပင်ခဲ့ပါတယ်။

ဒါ့ကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ PUBG gamer တွေဟာ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ကို မကြိုက်ကြောင်း တစ်ဖက်လှည့်ပြောပြတဲ့အနေနဲ့ PUBG ဂိမ်းအသုဘပွဲတွေကို တစ်နိုင်ငံလုံးအနှံ့မှာ ကျင်းပခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း PUBG ဂိမ်းကစားတဲ့ လူငယ်တွေဟာ အဖြူရောင်ဝတ်စုံလေးတွေ ဝတ်ပြီး PUBG ပိုစတာလေးတွေကို ပန်းကုံးစွပ်ပြီး အသုဘပွဲပုံစံတွေ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။ “လက်ရှိက COVID 19 ကာလဆိုတာတော့ လူတိုင်းသိကြမှာပါပဲ။ ဒီလိုအချိန် အိမ်မှာနေရင်းနဲ့ PUBG ဂိမ်းကိုပဲဆော့ပြီး တစ်နေ့တစ်နေ့ စိတ်အပန်းဖြေပြီး နေနေရတာပါ။

ဒါကို နိုင်ငံတော် လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းပြီး PUBG ဂိမ်းကို ဆော့ခွင့်ပိတ်လိုက်ပါတယ်။ အခုဆိုရင် ဆော့တာနဲ့ဆော့တဲ့လူတွေကို ဖမ်းတော့မယ့်ပုံစံတွေနဲ့။ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ အိန္ဒိယနိုင်ငံသား PUBG ကစားသူ လူငယ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။credit