Celebrities

ဝေဘာဂီဆေးရုံနဲ့ မေဓါဝီဆေးရုံက ဆရာဝန်၊သူနာပြုဆရာမတွေအတွက် ပေါင်မုန့်တွေလှူဒါန်းခဲ့တဲ့ ဆီနွန်

ဆီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ အနပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာကတည်းကနေ လိုအပ်တဲ့ သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းမှုတွေပြုလုပ်နေခဲ့တာကြောင့် မြန်မာပရိသတ်တွေအချစ်ပိုနေရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ Covid Second Wave နဲ့ ကြုံတွေ့နေရပြီး အခုလို Covid ကပ်ရောဂါကြီးကို ရှေ့တန်းကနေ တိုက်ပွဲဝင်ကုသပေးနေတဲ့ ဝေဘာဂီဆေးရုံနဲ့ မေဓါဝီဆေးရုံမှာရှိတဲ့ ဆရာဝန်တွေသူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရသာရှိလှတဲ့ ပေါင်မုန့်တွေကို ဆီနွန်က ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ပြီး အပြင်လက်တွေ့ဘဝက သူရဲကောင်းတွေဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်စကားတွေလည်း ပြောခဲ့ပါသေးတယ်။ကျန်းမာရေးဝန်ထမ်းတွေအပြင် ဆေးရုံကြီးတွေရဲ့ အနီးအနားမှာရှိတဲ့ ချို့တဲ့တဲ့ သူတွေကိုလည်း ပေါင်မုန့်တွေကိုလှူဒါန်းခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဆီနွန်ရဲ့အလှူအတန်းတွေကို အချိန်အခါလိုက် လိုအပ်တဲ့သူတွေအတွက်လှူဒါန်းပေးတတ်တဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကိုပဲချီးကျူး ဂုဏ်ပြုထိုက်ပေတဲ့စိတ်ထားလေးပါပဲနော်။Chilli – CeleZone
Source – Sinon Loresca