Celebrities

အမေများအဖွဲ့အတွက် စောင်၊ခြင်ထောင်တွေအပြင် အလှူငွေဆယ်သိန်းလှူတန်းခဲ့တဲ့ နေခြည်ဦး

Covid ကာလမှာ လူတန်းစားအမျိုးမျိုးဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲမှာအနုပညာရှင်တွေလည်း အပါအဝင်ပါပဲ။ သက်ကြီးအနုပညာရှင်အမျိုးသမီးတွေ စုပေါင်းပြီးဖွဲ့စည်းထားတဲ့ အမေများအဖွဲ့ဟာ ပွဲတွေမှာ မြန်မာအကလေးတွေနဲ့ ဖျော်ဖြေပြီး အဖွဲ့အတွက် ဝင်ငွေရှာကာ ရပ်တည်နိုင်အောင်ကြိုးစားနေခဲ့ကြသူတွေပါ။

ဒီနေ့မှာတော့ နေခြည်တစ်ယောက် အမေများအဖွဲ့အတွက် စောင်၊ခြင်ထောင်တွေနဲ့အတူ လိုအပ်တာသုံးဖို့ဆိုပြီး ငွေကျပ်ဆယ်သိန်း လှူတန်းပေးခဲ့ပါတယ်။ လူစုလူဝေးရှောင်တဲ့အချိန်မို့ သူမကိုယ်တိုင်လာရောက်မလှူတန်းနိုင်ခဲ့ပါဘူး။ နောက်တစ်ခေါက်ဆိုရင်တော့ သူမနဲ့အတူ chillies တွေပါခေါ်ပြီး ထပ်မံလှူတန်းမယ့်အကြောင်းပြောခဲ့ပါသေးတယ်။

အလှူပုံလေးတွေကို ” အမေတို့ အမေများအိမ်ရာအတွက် သမီးရယ် သမီးမိသားစုရယ် Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်းလှူခဲ့ပါ တယ်။ လူစုလူဝေးရှောင်နေရတဲ့ အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည်ပေးပါနော်။ နောက်တစ်ခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနှင့် အမေများအတွက် ချစ်သမီး နေခြည်ဦး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အမေများအဖွဲ့အတွက် စောင်၊ခြင်ထောင်တွေအပြင် အလှူငွေဆယ်သိန်းလှူတန်းခဲ့တဲ့ နေခြည်ဦး

Covid ကာလမှာ လူတန်းစားအမျိုးမျိုးဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲမှာအနုပညာရှင်တွေလည်း အပါအဝင်ပါပဲ။ သက်ကြီးအနုပညာရှင်အမျိုးသမီးတွေ စုပေါင်းပြီးဖွဲ့စည်းထားတဲ့ အမေများအဖွဲ့ဟာ ပွဲတွေမှာ မြန်မာအကလေးတွေနဲ့ ဖျော်ဖြေပြီး အဖွဲ့အတွက် ဝင်ငွေရှာကာ ရပ်တည်နိုင်အောင်ကြိုးစားနေခဲ့ကြသူတွေပါ။

ဒီနေ့မှာတော့ နေခြည်တစ်ယောက် အမေများအဖွဲ့အတွက် စောင်၊ခြင်ထောင်တွေနဲ့အတူ လိုအပ်တာသုံးဖို့ဆိုပြီး ငွေကျပ်ဆယ်သိန်းလှူတန်းပေးခဲ့ပါတယ်။ လူစုလူဝေးရှောင်တဲ့အချိန်မို့ သူမကိုယ်တိုင်လာရောက်မလှူတန်းနိုင်ခဲ့ပါဘူး။ နောက်တစ်ခေါက်ဆိုရင်တော့ သူမနဲ့အတူ chillies တွေပါခေါ်ပြီး ထပ်မံလှူတန်းမယ့်အကြောင်းပြောခဲ့ပါသေးတယ်။

အလှူပုံလေးတွေကို ” အမေတို့ အမေများအိမ်ရာအတွက် သမီးရယ် သမီးမိသားစုရယ် Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်းလှူခဲ့ပါတယ်။ လူစုလူဝေးရှောင်နေရတဲ့ အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည်ပေးပါနော်။ နောက်တစ်ခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနှင့် အမေများအတွက် ချစ်သမီး နေခြည်ဦး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။credit