Celebrities

Stay Home ကာလတွေမှာ အမွှာတူလေးနှစ်ယောက်နဲ့ ပျော်ပျော်ပါးပါး ကစားနေတဲ့ နန်းဆုရတီစိုး

အမွှာတူလေးနှစ်ယောက်နဲ့အတူ အမြဲကစားတတ်တဲ့ တီတီနန်းဆုတစ်ယောက် Stay Home ကာလဆိုတော့ တူလေးတွေကို အရင်ကထက်အချိန်ပိုပေးဖြစ်ပြီး တူတူကစားနေတဲ့ ချစ်စရာပုံလေးတွေကိုလည်း လူမှုကွန်ရက်မှာ တင်ခဲ့ပါသေးတယ်။ ချစ်စရာတူလေးတွေ ကလည်း တီတီနဲ့ပျော်ပျော်ကြီးကစားနေခဲ့ပြီး တူဝရီးသုံးယောက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေကလည်း အရမ်းကိုသဘောကျနေခဲ့ပါတယ်။

နန်းဆုရဲ့အနုပညာသက်တမ်းဟာလည်းအတော်လေးကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုတစ်ခုနဲ့ ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်နေဆဲပါပဲ။ အခုလာမယ့်မွေးနေ့ဆိုရင် သူမဟာ အသက် (၃၃) နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်ဆိုတာ ထင်ရက်စရာမရှိတဲ့ နုပျိုမှုတွေကိုပိုင်ဆိုင်ထားတဲ့ နန်းဆုကတော့ ဘယ်အချိန်ကြည့်ကြည့် ကလေးလေးလိုပါပဲ။

သူမရဲ့ပရိသတ်တွေကလည်း ကုတုလေးလို့ချစ်စနိုးခေါ်ကြပြီး နန်းဆုကိုယ်တိုင်ကလည်း Cute ဖြစ်တဲ့ပုံစံလေးတွေကို ပိုပြီးသဘောကျပါတယ်။ တူလေးနှစ်ယောက်နဲ့ကစားနေတဲ့ပုံလေးတွေ မှာဆိုရင် အသက် (၂၀) ကျော်အရွယ်လေးလို့ထင်ချင်စရာပါ။ ချစ်စရာတူဝရီးသုံးယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

Stay Home ကာလတွေမှာ အမွှာတူလေးနှစ်ယောက်နဲ့ ပျော်ပျော်ပါးပါး ကစားနေတဲ့ နန်းဆုရတီစိုး

အမွှာတူလေးနှစ်ယောက်နဲ့အတူ အမြဲကစားတတ်တဲ့ တီတီနန်းဆုတစ်ယောက် Stay Home ကာလဆိုတော့ တူလေးတွေကို အရင်ကထက်အချိန်ပိုပေးဖြစ်ပြီး တူတူကစားနေတဲ့ ချစ်စရာပုံလေးတွေကိုလည်း လူမှုကွန်ရက်မှာ တင်ခဲ့ပါသေးတယ်။ ချစ်စရာတူလေးတွေ ကလည်း တီတီနဲ့ပျော်ပျော်ကြီးကစားနေခဲ့ပြီး တူဝရီးသုံးယောက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေကလည်း အရမ်းကိုသဘောကျနေခဲ့ပါတယ်။

နန်းဆုရဲ့အနုပညာသက်တမ်းဟာလည်းအတော်လေးကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုတစ်ခုနဲ့ ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်နေဆဲပါပဲ။ အခုလာမယ့်မွေးနေ့ဆိုရင် သူမဟာ အသက် (၃၃) နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်ဆိုတာ ထင်ရက်စရာမရှိတဲ့ နုပျိုမှုတွေကိုပိုင်ဆိုင်ထားတဲ့ နန်းဆုကတော့ ဘယ်အချိန်ကြည့်ကြည့် ကလေးလေး လိုပါပဲ။

သူမရဲ့ပရိသတ်တွေကလည်း ကုတုလေးလို့ချစ်စနိုးခေါ်ကြပြီး နန်းဆုကိုယ်တိုင်ကလည်း Cute ဖြစ်တဲ့ပုံစံလေးတွေကို ပိုပြီးသဘောကျပါတယ်။ တူလေးနှစ်ယောက်နဲ့ကစားနေတဲ့ပုံလေးတွေ မှာဆိုရင် အသက် (၂၀) ကျော်အရွယ်လေး လို့ထင်ချင်စရာပါ။ ချစ်စရာတူဝရီးသုံးယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။credit