Celebrities

ကိုယ်ပိုင်ဝင်ငွေလေးတွေစုပြီး ပထမဆုံးဖုန်းလေးတစ်လုံးဝယ်နိုင်ခဲ့တဲ့ နိုင်းနိုင်းရဲ့သမီးအကြီးဆုံး floreece

ပျော်စရာမိသားစုဘဝလေးမှာ သားသမီးလေးယောက်အထိထွန်းကားခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ သားသမီးတွေကို အကျင့်ကောင်းလေး တွေနဲ့ပျိုးထောင်ပေးထားခဲ့ပြီး နွေးထွေးတဲ့ မိဘမေတ္တာတွေလည်း အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ အမေရိကရောက်သွားတဲ့အချိန်တိုင်း ဖေဖေနိုင်းနိုင်းက ရဲဘော်လေးတွေနဲ့အတူတူကစားတတ်ပြီး ပျော်စရာအချိန်လေးတွေကို ကုန်ဆုံးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း မေမေစန္ဒီချိုက သမီးအကြီးဆုံးလေး floreece တစ်ယောက် ကိုယ်ပိုင်ငွေလေးတွေစုပြီး သူလိုချင်တဲ့ဖုန်းလေးတစ်လုံး ဝယ်နိုင်ခဲ့တဲ့အမှတ်တရလေးကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ငွေစုတတ်တဲ့အကျင့်နဲ့ ကိုယ်လိုချင်တာရှိရင် ကိုယ်တိုင်ကြိုးစား ရမယ်ဆိုတဲ့ အသိစိတ်လေး ရအောင်လုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်ပါပဲ။ ဒီလိုအရည်အချင်းရှိသူကို ဇနီးတော်ရတာ နိုင်းနိုင်းအတွက် တော့ တကယ်ကိုကံကောင်းပါတယ်။

ကိုယ်လိုချင်တာလေးပိုင်ဆိုင်သွားခဲ့တဲ့သမီးလေးကလည်း ပျော်ရွှင်မှုတွေအတိုင်းမသိပါပဲ။ ဒီဖုန်းလေးကိုတော့ floreece လေး အိမ်ပြန်ရောက်တာနဲ့မေမေက သိမ်းထားမှာဖြစ်ပြီး အပြင်ရောက်နေတဲ့အချိန်တွေမှာတေ့ာ အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ်နိုင် အောင် ပေးထားမယ်လို့လည်း အားလုံးကိုပြောခဲ့ပါသေးတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုယ်ပိုင်ဝင်ငွေလေးတွေစုပြီး ပထမဆုံးဖုန်းလေးတစ်လုံးဝယ်နိုင်ခဲ့တဲ့ နိုင်းနိုင်းရဲ့သမီးအကြီးဆုံး floreece

ပျော်စရာမိသားစုဘဝလေးမှာ သားသမီးလေးယောက်အထိထွန်းကားခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ သားသမီးတွေကို အကျင့်ကောင်းလေးတွေနဲ့ပျိုးထောင်ပေးထားခဲ့ပြီး နွေးထွေးတဲ့ မိဘမေတ္တာတွေလည်း အပြည့်အဝပေးနိုင်ခဲ့ပါ တယ်။ အမေရိကရောက်သွားတဲ့အချိန်တိုင်း ဖေဖေနိုင်းနိုင်းက ရဲဘော်လေးတွေနဲ့အတူတူကစားတတ်ပြီး ပျော်စရာအချိန် လေးတွေကို ကုန်ဆုံးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း မေမေစန္ဒီချိုက သမီးအကြီးဆုံးလေး floreece တစ်ယောက် ကိုယ်ပိုင်ငွေလေး တွေစုပြီး သူလိုချင်တဲ့ ဖုန်းလေးတစ်လုံးဝယ်နိုင်ခဲ့တဲ့အမှတ်တရလေးကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ငွေစုတတ်တဲ့အကျင့်နဲ့ ကိုယ်လိုချင်တာရှိရင် ကိုယ်တိုင်ကြိုးစားရမယ်ဆိုတဲ့ အသိစိတ်လေး ရအောင်လုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်ပါပဲ။ ဒီလိုအရည်အချင်းရှိသူကို ဇနီးတော်ရတာ နိုင်းနိုင်းအတွက်တော့ တကယ်ကိုကံကောင်းပါတယ်။

ကိုယ်လိုချင်တာလေးပိုင်ဆိုင်သွားခဲ့တဲ့သမီးလေးကလည်း ပျော်ရွှင်မှုတွေအတိုင်းမသိပါပဲ။ ဒီဖုန်းလေးကိုတော့ floreece လေး အိမ်ပြန်ရောက်တာနဲ့မေမေက သိမ်းထားမှာဖြစ်ပြီး အပြင်ရောက်နေတဲ့အချိန်တွေမှာတေ့ာ အရေးပေါ်အခြေအနေေ တွမှာဆက်သွယ်နိုင်အောင် ပေးထားမယ်လို့လည်း အားလုံးကိုပြောခဲ့ပါသေးတယ်။credit