Celebrities

အဖွားဖြစ်သူကို လွမ်းဆွတ်တမ်းတနေပြီး ဝမ်းနည်းနေကြောင်းရင်ဖွင့်လာတဲ့ ပိုပို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပိုပိုကတော့ ဒီနေ့မှာ သူ့ရဲ့ကွယ်လွန်သွားတဲ့ အဖွားဖြစ်သူကို လွမ်းဆွတ်တမ်းတနေတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရင်ဖွင့်လာခဲ့ပါတယ်။ ပိုပိုကတော့ ငယ်စဉ်ကတည်းက အဖွားဖြစ်သူရဲ့လက်ထဲမှာပဲ ကြီးပြင်ခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီအဖွားကပဲ အဖေလိုတစ်မျိုး အမေလိုတစ်မျိုးကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာပဲဖြစ်ပါတယ်။ပိုပိုကတော့ ဒီနေ့မှာ “အဖွားမရှိကတည်းက အထီးကျန်ခဲ့တာ အခုတော့ အကျင့်ဖြစ်နေခဲ့ပြီ။ လေးဘက်ပိုးလိုပဲ အေးရင် အရိုးထဲက တစ်ခါတစ်ခါထထကိုက်တယ်။ နေမကောင်းဖြစ်ရင် ခွေးလေးတွေ အီသလို အီတတ်လို့”ဘာဖြစ်လဲ ငါ့မြေး နေမကောင်းဘူးလားလို့” ထမေးမဲ့ အဖွားမရှိလို့ နှာတောင်မစေးချင်ဘူး။ ညဘက်အိပ်ရင် တစ်ယောက်တည်း အိပ်ရတာကြိုက်တတ်လာခဲ့ပေမဲ့ တစ်ခါတလေ နွေးထွေးမှု လိုအပ်တယ်။ စောင် ပဲထထ ခြုံပြီး ခွခေါင်းအုံးကိုပဲ အဖော်အဖြစ် ဆွဲဆွဲ ဖက် အိပ်ရာဘေးက အဖွားပုံလေး ကိုကြည့်ရင်း မျက်ရည်တွေနဲ့ ကြိတ်မှိတ် အိပ်တတ်လာခဲ့ မုန့်ဘိမ်းတောင့် သည်လာရင် ခေါ်ခေါ်စားတတ်တဲ့ အဖွားစားကောင်းသောက်ဖွယ်လေးတွေ တွေ့ရင် ကျွေးချင်မိ။နေ့ခင်း နေ့လည် အိမ်မက်တွေမက်ရင် ကျောင်းအပြန် မျှော်နေတတ်တဲ့ အဖွားကိုလွမ်းတယ်။အဖွားရေ မြေး တစ်ယောက်တည်း ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေနေတတ်အောင်ကြိုးစားနေပါတယ်။ တခါတလေတော့လဲ အားတွေ ငယ်ငယ်လာပါတယ်။ တစ်ယောက်တည်း လောကဓံကို ကြံကြံခံနိုင်အောင် ဆက်ကြိုးစားသွားပါဦးမယ် ဖွားရေ။ ချစ်သောမြေး အိပို ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အဖွားဖြစ်သူကိုလွမ်းဆွတ်တမ်းတနေကြောင်း ဖော်ပြလာခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ ကွယ်လွန်သွားတဲ့အဖွားကိုလွမ်းဆွတ်တမ်းတပြီးဝမ်းနည်းနေတဲ့ ပိုပို့ကို အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။#credit