Lifestyle

ပဲခူးဆေးရုံအနီးရှိစားသောက်ဆိုင်တစ်ချို့ကဆေးရုံကြီးမှဝန်ထမ်းများ လာစားသောက်ခြင်းကိုလက်မခံသည်များရှိနေ

Zawgyi

ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ကုန် ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို ယနေ့မှစ၍ လက်မခံသည်များရှိနေကြောင်း သိရသည်။

“ပဲခူးဆေးရုံပတ်ပတ်လည်ကဆိုင်တွေထဲကတစ်ချို့ ဆေးရုံထဲက သူနာပြု/ ဝန်ထမ်းငယ်လေးတွေအခုနေ့ခင်း ထမင်းဟင်းထွက်ဝယ်တော့ အခြားစားသုံးသူတွေရှိပါလျှက်နဲ့ ရောင်းစရာ ဘာမှမရှိဖူး လို့ ဆိုင်ထဲမဝင်အောင် ငြင်းလွှတ်လိုက်လို့ သူတို့ ချုံးပွဲချ ငိုနေရရှာတယ်” ဟု သကျနွယ်မှ ကိုဆံနီ ပြောသည်။

လူလိမ်လူနာတယောက်ကြောင့်ဆရာဝန်သူနာပြုတွေ Q ကုန်ရတာ။ ဝိုင်းဝန်း ဖေးမအားပေးရမှာလေကြောက်ရင် ဆိုင်လာမထွက်ကြပါနဲ့ဆိုင်လာထွက်ရင်လည်းအပြစ်ကင်းစင်သူတွေကို ထပ်မစော်ကားကြဖို့ပြင်းပြင်းထန်ထန်လေး သတိပေးချင်ပါတယ် ။ မိသားစုတွေ မတော်တဆပိုးကူးရင် ကျန်းမာရေးဝန်ထမ်းတွေက အသက်စွန့်ကုသပေးနေတာ နားလည်ပါဗျာ အဲလောက် အတ္တမကြီးကြပါနဲ့ “ဟု ၎င်းကပြောသည်။

ယမန်နေ့က Covid 19 Positive လူနာဟု အတည်ပြု သတ်မှတ်လိုက်သော လူနာက History လိမ်ခဲ့သောကြောင့် ပဲခူးဆေးရုံကြီးရှိ ဆရာဝန် ဆရာမများ ထိတွေ့မှုခဲ့ရာSwab ယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။အဆိုပါ Covid19 Postive လူနာသည် ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး သနပ်ပင်မြို့ စဥ့်အိုးဘိုရွာတွင် နေထိုင်သူဟုသိရသည်။

၎င်းနှင့် ထိတွေ့ခဲ့သည့်ပဲခူးဆေးရုံကြီးမှ ဆရာဝန် သူနာပြု ဆေးရုံဝန်ထမ်းစုစုပေါင်းကနဦးစိစစ်မှုအရ (၂၃ ) ဦး ရှိပြီး FQ ထား၍ ယနေ့ swab ယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ယင်းဖြစ်စဉ်အပေါ် အခြေခံ၍ ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ကုန်ဆိုင်တစ်ချို့ကဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို လက်မခံသည်များရှိနေ ခြင်း ဖြစ်သည်။Credit:BagoWeeklyJournal

Unicode

ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ကုန် ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို ယနေ့မှစ၍ လက်မခံသည်များရှိနေကြောင်း သိရသည်။

“ပဲခူးဆေးရုံပတ်ပတ်လည်ကဆိုင်တွေထဲကတစ်ချို့ ဆေးရုံထဲက သူနာပြု/ ဝန်ထမ်းငယ်လေးတွေအခုနေ့ခင်း ထမင်းဟင်းထွက်ဝယ်တော့ အခြားစားသုံးသူတွေရှိပါလျှက်နဲ့ ရောင်းစရာ ဘာမှမရှိဖူး လို့ ဆိုင်ထဲမဝင်အောင် ငြင်းလွှတ်လိုက်လို့ သူတို့ ချုံးပွဲချ ငိုနေရရှာတယ်” ဟု သကျနွယ်မှ ကိုဆံနီ ပြောသည်။

လူလိမ်လူနာတယောက်ကြောင့်ဆရာဝန်သူနာပြုတွေ Q ကုန်ရတာ။ ဝိုင်းဝန်း ဖေးမအားပေးရမှာလေကြောက်ရင် ဆိုင်လာမထွက်ကြပါနဲ့ဆိုင်လာထွက်ရင်လည်းအပြစ်ကင်းစင်သူတွေကို ထပ်မစော်ကားကြဖို့ပြင်းပြင်းထန်ထန်လေး သတိပေးချင်ပါတယ် ။ မိသားစုတွေ မတော်တဆပိုးကူးရင် ကျန်းမာရေးဝန်ထမ်းတွေက အသက်စွန့်ကုသပေးနေတာ နားလည်ပါဗျာ အဲလောက် အတ္တမကြီးကြပါနဲ့ “ဟု ၎င်းကပြောသည်။

ယမန်နေ့က Covid 19 Positive လူနာဟု အတည်ပြု သတ်မှတ်လိုက်သော လူနာက History လိမ်ခဲ့သောကြောင့် ပဲခူးဆေးရုံကြီးရှိ ဆရာဝန် ဆရာမများ ထိတွေ့မှုခဲ့ရာSwab ယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။အဆိုပါ Covid19 Postive လူနာသည် ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး သနပ်ပင်မြို့ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟုသိရသည်။