Lifestyle

နေအိမ်မှာ သေဆုံးနေသူအလောင်းကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိ

Zawgyi

လူနာအမှတ် (၇၇၅) နဲ့ စပ်ဆက်ပြီး အသွားအလာ ကန့်သတ်ထားတဲ့အဆောင်က သေဆုံးသွားတဲ့ ပိုင်ရှင်အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ် လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

အဲဒီအမျိုးသမီးဟာ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်းကျေးရွာက သူပိုင်တဲ့အဆောင်မှာ စက်တင်ဘာလ (၁၁) ရက်၊ ညနေ (၃) နာရီက သေဆုံးခဲ့တာ ဖြစ်ပြီး ဒီနေ့စက်တင်ဘာလ (၁၄) ရက် ကျန်းမာရေးစစ်ဆေးချက်အဖြေအရ ပိုးရှိခဲ့တာ ဖြစ်ပါတယ်။

“သူက ကျန်းမာရေးမကောင်းလို့ အိမ်မှာနေတာ။ သေဆုံးသွားလို့ ရပ်ကွက် အုပ်ချုပ်ချုပ်ရေးပိုင်းက အကူအညီတောင်းတာ။ ညနေ (၅) နာရီလောက်အထိ သယ်မယ့်သူ မရှိလို့ သွားသယ်ပြီး မေဓါဝီဆေးရုံကို ပို့ဆောင် ပေးခဲ့တာ။” လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းမှူး ကိုထင်လင်းအောင်က ပြောပါတယ်။

သွားရောက် သယ်ဆောင်ချိန်မှာတော့ နေအိမ်နဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ပိုးသတ်ဆေးဖျန်းပြီး မိသားစု ခွင့်ပြုချက်နဲ့ ဆေးရုံပို့ဆောင်ပေးခဲ့တာလို့ သူက ပြောပါတယ်။ ဆုံးပါးသွားတဲ့ အဆောင်ပိုင်ရှင်ရဲ့ သားမတ်ဖြစ်သူမှာလည်း ကိုဗစ်ပိုးတွေ့ ရှိထားတယ်လို့ သိရပါတယ်။

အတည်ပြုလူနဲ့ ထိတွေ့မှု မရှိခဲ့သလို ပြည်ပသို့ ခရီးသွားရာဇဝင်လည်း မရှိခဲ့တဲ့ လူနာအမှတ် (၇၇၅)၊ အသက် (၆၈) နှစ်အရွယ်အမျိုးသမီးဟာ စစ်တွေမြို့ ကနေ ရန်ကုန်ကို ဆေးကုသဖို့ ရောက်ရှိလာတာ ဖြစ်ပြီး အခုဆုံးပါးသွားတဲ့ အဆောင်ပိုင်ရှင်ဆီမှာ တည်းခိုနေထိုင်ပြီးတော့ မြောက်ဥက္ကလာပဆေးရုံမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ရခိုင်ကနေ လာရောက်သူဖြစ်လို့ တို့ဖတ်ကိုဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးတာကနေ ပိုးတွေ့ရှိခဲ့တာပါ။ မင်္ဂလာဒုံမြို့နယ်က Quarantine Center တွေမှာ လူပြည့်နေတာကြောင့် အဲဒီအဆောင်ကလူအားလုံးကို အဆောင်မှာပဲ အသွားအလာကန့်သတ်ထားပြီး တို့ဖတ်ယူပြီး စစ်ဆေးရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။

” အခုအဆောင်မှာပဲထားတယ်။ ဒီရောဂါလက္ခဏာ ပြတယ်ဆိုရင်တော့ ချက်ခြင်းလက်ငင်းလာရောက်ခေါ်ယူဖို့တော့ စီစဉ်ထားပါတယ်။ ” လို့ ဒေါ်သန္တာမိုးက ပြောပါတယ်။

အဲဒီအဆောင်မှာတော့ လူနာအမှတ် (၇၇၅) ရဲ့မိသားစုတွေ အပါအဝင် စုစုပေါင်း (၇၅) ယောက်ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

Unicode

အဲဒီအဆောင်မှာတော့ လူနာအမှတ် (၇၇၅) ရဲ့မိသားစုတွေ အပါအဝင် စုစုပေါင်း (၇၅) ယောက်ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။CRDEDIT