Celebrities

Covid 19 Swab Test ယူနေပုံအား အနီးကပ်ရိုက်ထားတဲ့ ဗီဒီယိုလေးကိုပရိသတ်တွေဗဟုသုတရစေရန်တင်ပေးလိုက်တဲ့ Project K

ပရိသတ်ကြီးရေ ကိုရီးယားက အဆိုတော်လေးတွေလား ထင်မှားရလောက်တဲ့ Project K အဖွဲ့ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။သူတို့ အဖွဲ့လေးဟာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားလာမှုကြောင့် ပရိသတ်လက်ခံလာပြီး အောင်မြင်နေတဲ့ Dancer အဖွဲ့လေးဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ အသဲကျော်လေးတွေ ဆိုလည်းမမှားပါဘူး။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေပါမက ဗီဒီယိုလေးတွေကို အမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ Covid 19 Swab Test ယူနေပုံလေးအား အနီးကပ်ရိုက်ထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ ဖော်ပြထားရာ ဆေးစစ်ချက်အဖြေမှာလည်း တစ်ဖွဲ့လုံး Negative ဖြစ်ကြောင်းပါဖော်ပြထားတာတွေ့ရပါတယ်။cele zone ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ပရိသတ်ကြီးလည်း အပြင်ထွက်တိုင်း Mask တပ်ဖို့မမေ့နဲ့နော်။

ကျွန်တော်တို့ Project K Members တွေအားလုံး Negative ပါဗျဒီ Video လေးကို တင်ပေးရခြင်းရည်ရွယ်ချက်ကတော့ – ကျွန်တော်တို့တွေအားလုံး ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အတူ ကိုရီးယားကိုသွားရောက်ဖျော်ဖြေမည်ဆိုတာ အသိပေးချင်တာရယ် – Covid 19 Swab test စစ်ဖို့ကြောက်နေကြသူတွေအတွက် လုံးဝကြောက်စရာမကောင်းဘူးဆိုတာ ပြောပြချင်တာပါ ( လုံးဝမနာပါဘူး … နှာခေါင်းထဲထည့်ချိန်မှာ ရေမွန်းသလိုမျိုးခံစားရပြီး , ပါးစပ်ထဲထည့်တဲ့အချိန် လက်ညှိုးထိုးအန်သလိုမျိုးသာခံစားရပါတယ် )အားလုံးပဲ✅အပြင်ထွက်တိုင်း mask တပ်ပါ✅အရာဝတ္တုတစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ✅အပြင်ထွက်စရာမရှိရင် အိမ်ထဲမှာနေတာအကောင်းဆုံးပါPositive လူနာနဲ့ဆက်စပ်သူများအား လာရောက်ခေါ်ဆောင်တာကိုတွေ့သည့်အခါတွင်လဲ❌ဓာတ်ပုံလုံးဝမရိုက်ကြပါနဲ့✅လက်ခုပ်လေးတီးပြီး အားပေးပေးပါကျွန်တော်တို့ အားလုံးစည်းလုံးရင် ဒီကပ်ဆိုးကြီးက ကျော်လွှားနိုင်မှာပါအဲ့ဒါကြောင့် အားလုံး “ လူချင်းခပ်ခွါခွါနေ၍ နှလုံးသားချင်းနီးပေးပါ “LOVE YOU ALL … Saranghaeyo … ♥️♥️♥️#PriojectKmyanmar#The_Beginning

Posted by Project K on Sunday, 13 September 2020

(ဇော်ဂျီဖြင့်ဖတ်ရန်)

Covid 19 Swab Test ယူနေပုံအား အနီးကပ်ရိုက်ထားတဲ့ ဗီဒီယိုလေးကိုပရိသတ်တွေဗဟုသုတရစေရန်တင်ပေးလိုက်တဲ့ Project K

ပရိသတ်ကြီးရေ ကိုရီးယားက အဆိုတော်လေးတွေလား ထင်မှားရလောက်တဲ့ Project K အဖွဲ့ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။သူတို့ အဖွဲ့လေးဟာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားလာမှုကြောင့် ပရိသတ်လက်ခံလာပြီး အောင်မြင်နေတဲ့ Dancer အဖွဲ့လေးဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ အသဲကျော်လေးတွေ ဆိုလည်းမမှားပါဘူး။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေပါမက ဗီဒီယိုလေးတွေကို အမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ Covid 19 Swab Test ယူနေပုံလေးအား အနီးကပ်ရိုက်ထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ ဖော်ပြထားရာ ဆေးစစ်ချက်အဖြေမှာလည်း တစ်ဖွဲ့လုံး Negative ဖြစ်ကြောင်းပါဖော်ပြထားတာတွေ့ရပါတယ်။cele zone ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ပရိသတ်ကြီးလည်း အပြင်ထွက်တိုင်း Mask တပ်ဖို့မမေ့နဲ့နော်။CREDIT