Celebrities

ချစ်ဖေဖေနောက်တစ်ချိန်လုံးကပ်ချွဲကာ ဖေဖေကမခေါ်လို့ စိတ်ကောက်ပြနေတဲ့ Peah လေးရဲ့ဗီဒီယိုလေးတင်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေနဲ့အတူ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက အခုတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူမက သားငယ်လေးနဲ့ သမီးလေးရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီ အမြဲဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။Peach လေးရဲ့ အသည်းယားစဖွယ်အမူအရာတွေနဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက ကြွေနေရတာလည်းဖြစ်ပါတယ်။သူမဟာ အနုပညာလောကမှ အပြီးအနားယူထားသော်လည်း ပရိသတ်တွေကတော့ ချစ်ခင်နေကြဆဲဖြစ်ပါတယ်။

သဉ္ဇာကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုမှာတော့ ချစ်ဖေဖေနောက်ကိုလိုက်ပြီးကပ်ချွဲကာ ဖေဖေကမခေါ်လို့ စိတ်ကောက်ပြနေတဲ့ peach လေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးတိုင်းမှာ  peach တစ်ယောက်ချစ်ဖို့ကောင်းလွန်းတာကြောင့် cele zone ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Posted by Thinzar Nwewin on Sunday, 13 September 2020

credit