Dhamma

ပင်လယ်နှစ်ခု ဆုံရာနေရာ မှာ တည်ထား တဲ့ သမိုင်းဝင် ဆံတော်ရှင် မြတ်မော် တင်စွန်း စေတီတော် အကြောင်း.

Zawgyi

ကပ္ပလီပင်လယ် (Andaman Sea) နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(BayofBengal)တို့ထိစပ်ရာ၊(သို့မဟုတ်) ပိုင်းခြားထားရာနေရာလေးတခုဖြစ်သော၊မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင်တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။

တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသောဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီးဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။

ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန် တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာ–မော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့် လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာအနောက်ရိုးမတောင်တန်း ကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။

ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည်။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။

ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ FM စိုက်ပျိုးရေးစခန်း အလီလီကိုဖြတ်သန်းကာငပုတောမြို့သို့တထောက်နားကျပါသည်။ထိုမှလွန်သော်ဥသျှစ်ကွင်း၊တောကြီးရွာ၊ ငရုတ်ကောင်းတောင်ရွာ၊ ဂိုးလောင်းရွာ၊ ငါးပြေမရွာ၊ မရမ်းကွင်းရွာ တို့ကိုကျော်လာပါကဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။

မြန်မာနိုင်ငံ၏အနောက်တောင်ဘက်အငူအစွန်းပေါ်တွင် တည်ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့လွှတ်လိုက်သောသန့်ရှင်းလတ်ဆက်သည့် လေ၊ ရေလှိုင်းများ ကြောင့် ဘုရားဖူးရသည့် အာရုဏ်မှာ အခြားမည်သည့် ထိတွေ့မှုများ၊ခံစားမှုများနှင့်တုနှိုင်းမရ ဖြစ်မိပါသည်။ တခါတရံ နဂါးမောင်နှံတွေများ စံပျော်နေသလား ခံစားရအောင် ပင်လယ် လှိုင်းလုံးများကဖေါ်ကျူးနေသရောင်၊ ဆံတော်ရှင်စေတီကြီးအား နဂါးမောင်နှံ တို့ လာရောက်ဖူးနေသရောင်အား ဖျော်ဖြေမှုရသ အပြည့်ပေးနေပါတော့သည်။

Credit: SearchMyanmar