Celebrities

နာရေးကူညီမှုအသင်းအတွက် အလှူငွေတွေလှူတန်းခဲ့တဲ့ ဖြူဖြူထွေး

ချစ်စရာအပြုံးလေးတွေနဲ့ တစ်နေ့တခြားပိုပိုလှလာတဲ့ ဖြူဖြူထွေးတစ်ယောက် နာရေးကူညီမှု အသင်းတစ်ခုကို ငွေကျပ်ငါးသိန်း လှူတန်းခဲ့တဲ့ သူမရဲ့ကြည်နူးစရာအလှူ ဂုဏ်ပြုမှတ်တမ်းလွှာလေးကို ဖေ့ဘွတ်မိုင်ဒေးမှာ တင်ထားခဲ့ပါတယ်။ အမြဲတမ်း အလှူရေစက် လက်နဲ့မကွာသူလေးဖြစ်သလို လိုအပ်တဲ့သူတိုင်းကိုလည်း ကြုံရင်ကြုံသလို ကာလဒါနလုပ်တတ်ပါသေးတယ်။
ကိုယ့်ရဲ့ရပ်ရွာအကျိုးကိုလည်း သယ်ပိုးတတ်တဲ့ စိတ်ထားကောင်းသူလေးဖြစ်သလို အခက်အခဲဖြစ်နေတဲ့ ဘဝတူအနုပညာရှင်တွေကို လည်း ဖေးမတတ်ပသေးတယ်။ သူမရဲ့ ရိုက်ကွင်းတိုင်းမှာ လိုအပ်ရင်လိုအပ်သလိုခေါ်သုံးပေးပြီး အခက်ခဲဖြစ်နေသူတွေကိုလည်း အနုပညာကြေးအပြင် အခြေခံလိုအပ်ချက်လေးတွေကိုပါ ထပ်ပြီးကန်တော့ကာ လှူတန်းတတ်ပါသေးတယ်။

ဒီနေ့မှာလည်း အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ လှရက်နိုင်လွန်းတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါသေးတယ်။ ကိုယ်တိုင်လည်းကောင်းအောင်နေသလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှပံ့ပိုးပေးနေတဲ့ စိတ်ထားဖြူသူလေးရဲ့ ပုံလေးတွေဟာ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

နာရေးကူညီမှုအသင်းအတွက် အလှူငွေတွေလှူတန်းခဲ့တဲ့ ဖြူဖြူထွေး

ချစ်စရာအပြုံးလေးတွေနဲ့ တစ်နေ့တခြားပိုပိုလှလာတဲ့ ဖြူဖြူထွေးတစ်ယောက် နာရေးကူညီမှု အသင်းတစ်ခုကို ငွေကျပ်ငါးသိန်းလှူတန်းခဲ့တဲ့ သူမရဲ့ကြည်နူးစရာအလှူ ဂုဏ်ပြုမှတ်တမ်းလွှာလေးကို ဖေ့ဘွတ်မိုင်ဒေးမှာ တင်ထားခဲ့ပါ တယ်။ အမြဲတမ်း အလှူရေစက်လက်နဲ့မကွာသူလေးဖြစ်သလို လိုအပ်တဲ့သူတိုင်းကိုလည်း ကြံုရင်ကြံုသလို ကာလဒါနလုပ်တတ်ပါ သေးတယ်။

ကိုယ့်ရဲ့ရပ်ရွာအကျိုးကိုလည်း သယ်ပိုးတတ်တဲ့ စိတ်ထားကောင်းသူလေးဖြစ်သလို အခက်အခဲဖြစ်နေတဲ့ ဘဝတူအနုပညာရှင်တွေကို လည်း ဖေးမတတ်ပါသေးတယ်။ သူမရဲ့ ရိုက်ကွင်းတိုင်းမှာ လိုအပ်ရင်လိုအပ်သလိုခေါ်သုံးပေးပြီး အခက်ခဲဖြစ်နေသူတွေကို လည်း အနုပညာကြေးအပြင် အခြေခံလိုအပ်ချက်လေးတွေကိုပါ ထပ်ပြီးကန်တော့ကာ လှူတန်းတတ်ပါသေးတယ်။

ဒီနေ့မှာလည်း အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ လှရက်နိုင်လွန်းတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါ သေးတယ်။ ကိုယ်တိုင်လည်းကောင်းအောင်နေသလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ပံ့ပိုးပေးနေတဲ့ စိတ်ထားဖြူသူလေးရဲ့ ပုံလေးတွေဟာ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေခဲ့ပါတယ်။credit