Celebrities

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဒီဇိုင်နာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုရရှိထားသလို အနုပညာရှင်တွေနဲ့ အမြဲလိုလို တတွဲတွဲတွေ့မြင်နေရသူကတော့ ဒီဇိုင်နာမျိုးမင်းစိုးပါ။ သူကတော့ အလုပ်ကို သေချာတန်ဖိုးထားလုပ်လေ့ရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ရလာတဲ့ ချွေးနှဲစာပိုက်ဆံတွေကိုလည်း သူတစ်ပါးကို ကူညီလှူဒါန်းပေးဖို့သာ အသုံးချလေ့ရှိသူတစ်ယောက်မို့ လူချစ်လူခင်ပေါများသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူကိုယ်တိုင်လည်း သရုပ်ဆောင်အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်မို့ အားလပ်ချိန်တိုင်းမှာ Tik Tok ဆော့လေ့ရှိသလို အနုပညာရှင်တွေလာတိုင်းလည်း Tik Tok ဗွီဒီယိုလေးကို တွဲပြီးရိုက်လေ့ရှိသူပါ။ ဒီရက်ပိုင်းမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးတစ်ယောက် မြန်မာဝတ်စုံနဲ့ပဲ အမြဲမြင်နေရတဲ့ပရိသတ်တွေ အမြင်ဆန်းအောင် ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ပုံတွေကို မျှဝေလျက်ရှိပြီး မကြာသေးခင်ကမှ အနောက်တိုင်းဝတ်စုံနဲ့ပုံတွေကို မျှဝေခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအံ့အားသင့်သွားစေလောက်တဲ့ ခေတ်အဆက်ဆက် မြန်မာအမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံမျိုးစုံနဲ့ ဓာတ်ပုံတွေကို မျှဝေလာပါတယ်။ ပုဂံခေတ်ကစလို့ ကိုလိုနီခေတ်လောက်အထိ အမျိုးမျိုးသောဝတ်စားဆင်ယင်မှုပုံတွေကို အသွင်အမျိုးမျိုးနဲ့ရိုက်ကူးထားတာဖြစ်ပြီး ဒီပုံလေးတွေ တစ်ပုံချင်းစီရဖို့ တပည့်များနဲ့ သေချာအချိန်ယူပြီး ဖန်တီးခဲ့ရတာပါတဲ့ပရိသတ်ကြီးရေ… ပုံလေးတွေကြည့်လိုက်တာနဲ့ ရှေးခေတ်ကိုပြန်ရောက်သွားသလို ထင်ရလောက်အောင် ကြိုးစားဖန်တီးထားတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ပုံလေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။.

Source – Myo Minn Soe
Rainbow- Cele Gabar

#credit