Celebrities

ကောင်းစံနဲ့ မိုးဒီ ရုပ်ချင်းမတူလို့ ပရိသတ်တွေက သားအဖလို့ မထင်ကြကြောင်း ပြောပြလာတဲ့ ဦမိုးဒီ

Zawgyi

ဦးမိုးဒီဟာ ပရိသတ်တွေရဲ့ အချစ်တော်ကြီးတစ်ယောက်ဖြစ်ပြီး သူပါဝင်တဲ့ ရုပ်ရှင်တွေဟာဆိုရင် မရယ်ရတာမရှိရလောက်အောင် ရှားလွန်းပါတယ်။ အခုဆိုရင်တော့ ဦးမိုးဒီဟာ အင်တာဗျူးမှာ သားဖြစ်သူကောင်းစံနဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

မရိုးနိုင်တဲ့ပြက်လုံးတွေနဲ့ ပြည်သူကိုတင်ဆက်ပေးနေကျ ဦးမိုးဒီကတော့ သားဖြစ်သူ လူရွှင်တော်ကောင်းစံနဲ့ အင်တာဗျူးတစ်ခုဖြေရင်း ပရိသတ်ကို အံ့သြစေမယ့် အကြောင်းလေးကို ဟာသနှောရင်း ပြောလိုက်ပြန်ပါတယ်။ ဦးမိုးဒီနဲ့ သရုပ်ဆောင်လူရွှင်တော်

ကောင်းစံကို သားအဖလို့ လူတွေသိပ်မသိကြပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဦးကောင်းစံကတော့”သားအဖလို့ မသိတာကိုတော့ အပြစ်မယူပါဘူး။ ဘာလို့ဆိုတော့ ရုပ်ချင်းကမတူဘူးလေ။ အဲ့လိုဖြစ်နေတော့ ဖေဖေက ဥပတိရုပ်တအားခန့်ညား

သန့်ပြန့်နေတာ။ အဲ့တော့ ကိုယ့်ရုပ်နဲ့ကျတော့ တခြားစီလေ။ အဲ့လိုဖြစ်နေတော့ ဖအေနဲ့သားဆိုတာ သက်သက်ကြီးလိုဖြစ်နေတယ်” လို့ ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးမိုးဒီကတော့ သားဖြစ်သူဖြေဆိုနေချိန်မှာ သူ့အမေပြောလို့ ကောင်းစံက

သူ့သားမှန်းသိတာလို့ ရုပ်တည်ကြီးနဲ့ ဝင်ပြီးစနောက်ခဲ့ပါတယ်။ “တစ်ခါက SSC မှာ ဆေးသွားဝယ်တော့ ဘဘက စာအုပ်လေးကိုင်ပြီး ဆေးဝယ်နေတုန်း သားကကားပါကင်ထိုးပြီး ရောက်လာတော့ အဖေပြီးပြီလားလို့ သားကမေးလိုက်တဲ့အခါမှာ

ဆေးကောင်တာက ကောင်မလေးတွေက သားဖြစ်သူကို လှမ်းကြည့်တယ်။ ကြည့်ပြီးတော့ ဘဘကိုကြည့်တယ်။ ကြည့်ပြီးတော့ သူတို့ကမေးတယ်။ ဘယ်လိုမေးလဲဆိုတော့ ဦးကောင်းစံက ဦးမိုးဒီသားလားတဲ့။ အဲ့တော့ဘဘက အေးဗျာလို့

သူ့အမေကပြောတာပဲ ကျွန်တော့်သားလို့တော့ ကျွန်တော်ကလဲ ပွဲကတွေထွက် ဘာတွေထွက် အပြင်သွားနေရတော့ ပြန်လာတော့ ရှင့်ကလေး ရှင့်သားဆိုပြီးတော့ အခုထိ သူ့အမေပြောတာပဲဆိုပြီးတော့ ပြောလိုက်တယ်။ အဲ့တော့

ကောင်မလေးတွေက ရယ်ကြတယ်” လို့ ဦးမိုးဒီက အရင်တုန်းကကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပရိသတ်ကို ဖောက်သည်ချခဲ့ပါတယ်။ စစနောက်နောက်နေတတ်တဲ့ဦးမိုးဒီဟာ သားသမီးတွေအပေါ်လည်း တင်းသင့်တာတင်း လျော့သင့်တာလျော့နဲ့

လိုက်လျောညီထွေ စည်းကမ်းပေးခဲ့ကြောင်း ဦးကောင်းစံက ဖခင်ရဲ့ဆုံးမသွန်သင်ပုံကို ပြောပြပေးခဲ့ပါတယ်။ ဒီအင်တာဗျူးလေးကိုတော့ ကိုဗစ်ကာလ သက်ကြီးလူရွှင်တော်တွေအတွက် လှူဒါန်းကန်တော့တဲ့ပွဲမှာ ပြောပြသွားတာပဲဖြစ်ပါတယ်။

နှစ်စဉ်နှစ်စဉ်တိုင်း ပြုလုပ်ပေးတဲ့ သက်ကြီးပူဇော်ပွဲအပေါ် ဦးမိုးဒီရဲ့အမြင်ကို မေးရာမှာတော့ “ဘဘတို့ သက်ကြီးလူရွှင်တော်တွေ အသက်(၆၅)နှစ်အထက်ဆိုရင် နဲနဲအလုပ်ရှားသွားပြီ။ သိပ်မခေါ်ကြတော့ဘူး။ အဲ့အချိန်မှာ ငယ်ရွယ်သူ လူရွှင်တော်တွေက

ကြာတော့ကြာခဲ့ပြီ ကျန်ရှိနေတဲ့သက်တမ်းလေးကို ထောက်ပံ့ကြတာပေါ့။ တချို့တွေကလဲ လာကြပြီးတော့ ဆန်တစ်အိတ်ထောက်ပံ့တာတို့ (၈)ပြည်ထောက်ပံ့တာတို့ (၆)ပြည်ထောက်ပံ့တာတို့ရှိတယ်။ ဒါလေးတွေက ဘဘတို့အတွက်

ဒီအသက်ကလေးကို ကယ်နေရတာပေါ့လေ။ အဲ့ကျေးဇူးရှင်တွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့အမြင်နဲ့ သက်ကြီးလူရွှင်တော်တွေ့ရဲ့ဘဝကို ပြောပြသွားခဲ့တာပါ။ ပရိသတ်ကြီးလည်း သက်ကြီးလူရွှင်တော်အတွက်

လှူဒါန်းပေးတဲ့အလှူကို သာဓုခေါ်ရင်း ဘဘဦးမိုးဒီတို့သားအဖရဲ့ အဖြစ်အပျက်လေးကိုဖတ်ရှုကာ ရယ်မောကြလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံးလည်း စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်တဲ့နေ့လေးကို ပိုင်ဆိုင်ကြပါစေနော်။ခရက်ဒစ်