Celebrities

အမေစုကို ထောက်ခံအားပေးချင်စိတ်နဲ့ ဆေးဖြတ်စခန်းမှာ တစ်လခွဲလောက်သွားနေပြီး မူးယစ်ဆေးဖြတ်လိုက်ပြီဆိုတဲ့ ရဲတိုက်

တစ်ခေတ်တစ်ခါထဲက ပရိသတ်တွေရဲ့ အားပေူမှုကို တခဲနက်ရရှိထားသူကတော့ သရုပ်ဆောင်တဲ့နေရာမှာ ပီပြင်လွန်းသူရဲတိုက်ဖြစ်ပါတယ်။ ရဲတိုက်ဟာ ကျန်းမာရေးအခြေအနေတွေ မကောင်းတာကြောင့် “” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ပါတယ်။

ရဲတိုက်ကတော့ အမေစုကို Vote လုပ်ဖို့ မူးယစ်ဆေးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အင်တာဗျူးမှာ ယခုလိုပဲပြောခဲ့ပါတယ်။

ကျွန်တော် Vote ပေးချင်တာဗျာ။ အရင် မူးယစ်ဆေး မသုံးခင်တုံးက ကျွန်တော် ပရိသတ်ရှေ့မှာ ဘယ်လိုနေခဲ့လဲဆိုတာ မှတ်မိချင် မှတ်မိပါလိမ့်မယ် မမှတ်မိချင်လဲ မမှတ်မိလောက်တော့ပါဘူး။ ကျွန်တော် အခုလိုမျိုးနေတာ မဟုတ်ဘူးလေနော်။ ပရိသတ်အားလုံး ချစ်တဲ့လူအဖြစ်နဲ့နေတာလေနော်။

အခုကျတော့ တော်တော်များများတွေကို ဖြတ်ကျော်ပြီးတဲ့ အခါမှာ မူးယစ်ဆေးစွဲနေတဲ့ သတင်းတွေတို့ ကျွန်တော်နဲ့ ပတ်သတ်တဲ့ မကောင်းတဲ့ အရာတွေ အင်တာနက်ပေါ်မှာ ပျံ့နှံကုန်တာတို့ အဲ့တာတွေကို ကျွန်တော် ကျော်ဖြတ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်မှာ သိမ်ငယ်သွားရတာပေါ့။

Vote လုပ်ချင်တာတောင် ကျွန်တော်စဉ်းစားတယ်။ ငါဘာပေးလို့ရလဲ။ ငါ ဆေးဖြတ်ပစ်မယ်ကွာလို့။ ကျွန်တော့အတွက်က တော်တော်ခက်တယ်။ ခက်လို့ ကျွန်တော် ခဏခဏရှုံးတယ်။ ခဏခဏပြန်ပြီးတော့ ဒီချောက်ထဲကျတယ်။ ကျွန်တော်အတွက်တော့ ရိုးနေပြီ အကြိမ်ပေါင်းများစွာ ဆိုတော့။

အဲ့တော့ ရှုပ်တယ်ကွာလို့။ အဲ့အချိန်မှာ အမှန်တိုင်းပြောရရင် နှလုံးသားက လှုပ်ရှားနေပြီ။ ဘာလို့လဲဆိုတော့ Vote ပေးချင်တာ ဘယ်လိုပုံစံနဲ့ ပေးရင်ကောင်းမလဲ မသိဘူး။ စဉ်းစားနေတာ။ နောက်ဆုံး လေးလေးနက်နက် စဉ်းစားမိတဲ့ အချိန်မှာ ကျွန်တော့်ဘေးမှာရှိတဲ့ လူနဲ့ ကျွန်တော် တိုင်ပင်တယ်။ ကျွန်တော် ဆေးဖြတ်စခန်းဝင်မယ်ဗျာလို့။ ကိုယ့်ဟာကိုယ် အိမ်မှာ ဖြတ်လို့မရဘူးလား ရတယ်။ ဒါပေမယ့် ဆေးဖြတ်စခန်းမှာ သွားဖြတ်ရင် ပိုပြီးမြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးဖြစ်စခန်းမှာရှိတဲ့ အရာတွေက ကျွန်တော်တို့ကို Treatment ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့တွေက မြန်မြန်ပြန်ပြီးတော် Recover ဖြစ်တယ်။

အဲ့တော့ အဲ့ဒါကို အရင်ဝင်တယ်။ စကားကို ကိုယ့်ကိုကိုယ် တကယ်ယုံကြည်မှုနဲ့ပြောနိုင်အောင် တကယ့် မူးယစ်ဆေးဝါး သုံးမထားတဲ့ လူတစ်ယောက်ဖြစ်နေအောင် ကျွန်တော် တသ်လခွဲလောက် လိုအပ်ခဲ့တယ်။

အမှန်တိုင်းပြောရရင် ကျွန်တော် ဖြတ်ချင်တယ် ရုန်းချင်တယ် ဒါပေမယ့် ကျွန်တော်လဲ အီးလေးလိုက်နေတယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်လဲ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတဲ့ မင်းသားပါပဲ။ အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေနေရာကကြည့်ရင် တော်တော်လေး အမြင်ကပ်စရာကောင်းမယ် အူယားစရာကောင်းမယ်။ ချစ်တဲ့ ပရိသတ်တွေအတွက်ကတော့ ရင်တမမနဲ့ပေါ့နော်။ ငါတို့ မင်းသားလေး သွားပြီလားပေါ့။ မျိုးစုံပါပဲဗျာ ဒီကြားထဲမှာ ကြုံတွေ့ဖြတ်သန်းလာခဲ့ရတာတွေကတော့ ပြောရမယ်ဆိုရင် ကုန်မယ် မထင်ပါဘူး။ နောက်မှ ဖြေးဖြေးချင်းပြောကြတာပေါ့။

ဆေးဖြတ်စခန်းမှာ (၃၂)ရက် ကြာခဲ့တယ်။ ကျွန်တော့်ကို ကူညီခဲ့တာက မှန်တစ်ချက်ပါပါတယ် အဲ့ မှန်အရှေ့မှာမှ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်ဆိုးရွား နေပြီလဲဆိုတာ သေသေချာချာ မြင်လိုက်ရတာ။ ဆိုးတာဆိုးတာဆိုတာ မှန်ကြည့်ဖို့တောင်မှပဲ အချိန်မပေးတော့ဘူး။ပက်ပက်စက်စက်ဆိုးခဲ့တာ။ မလွယ်ဘူး။

နားထောင်တဲ့သူက ဂုဏ်ယူပါစေတော့ဆိုပြီး ကျွန်တော့်မှာ စေတနာပါတယ်ဗျာ။ မလွယ်တဲ့ ကိစ္စတစ်ခုလုပ်ပေးတယ်လို့ အားလုံးကို သဘောပေါက်ကြစေချင်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ကျေးဇူးတင်တယ်။ ကျွန်တေည် ဒီဘဝကို တကယ်လိုချင်တာ။ မရောက်ခဲ့တာက ဒီလိုပဲ အကြိမ်ပေါက်း မြောက်များစွာ ပြန်ပြန်ပါသွားလို့။ ခုတော့ Promise to The Country ဆိုတော့ ကျွန်တော့်ကတိ လေးနက်သွားပြီ။ သူကပြန်ပြီးတော့ ကျွန်တော့်ကို တွန်းအားပေးလို့ ရသွားပြီ။ ကျွန်တော် လိုအပ်တဲ့ အချိန်တိုင်း အချိန်တိုင်းမှာ အဲ့တွန်းအားကို ပြန်ပြီးတော့ ကျွန်တော် သုံးလို့ရပြီ။ လို့ ရဲတိုက်က ယုံကြည်မှုအပြည့်နဲ့ ဖြေကြားခဲ့ပါတယ်။

ထို့အပြင် အမေစုကိုလဲ လေလှိုင်းထဲကနေတဆင့် စကားလေးတစ်ခွန်းပြောခဲ့ပါသေးတယ်။

” အမေ ကျွန်တော့်ကို မှတ်မိပါရဲ့လား။ ကျွန်တော်မောင်ရဲတိုက်ပါ။

တိုတိုပဲပြောမယ်ဗျာ အမေရာ။ ကျွန်တော် အမေ့အောင်နိုင်ရေးအတွက် ကျွန်တော်ဘာမှ ထုတ်ဖော်မပြသနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ လေးနက်မှုဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်ပြသချင်တဲ့အတွက် ကျွန်တော်စွဲနေတဲ့ မူးယစ်ဆေးကို ကျွန်တော် ဖြတ်ပလိုက်ပါပြီ။

ကျွန်တော် ဒီနေ့မှာ ဒီလိုပြောနိုင်ဖို့အတွက် တစ်လခွဲ ကြိုတင်ပြီးတော့ ကျွန်တော် Quarantine ဝင်သလိုပေါ့ အမေရယ်။ ကျွန်နော့်ကိုယ်ကို လှောင်ပိတ်ထားခြင်းခံခဲ့ပြီးပါပြီ။ ” လို့ ရင်ထဲက လေးနက်တဲ့ စကားတွေကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အခုဆိုရင်တော့ ရဲတိုက်ဟာ ရင်ထဲက ပြင်းပြတဲ့ အမေစုကို အားပေးထောက်ခံလိုတဲ့ ဆန္ဒတစ်ခုနဲ့ နှစ်ရှည်လများ စွဲနေတဲ့ မူးယစ်ဆေးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရဲတိုက်ရဲ့ ပရိသတ်တွေကတော့ အရမ်းပျော်ပြီး စိတ်ကျေနပ်ကြမယ်လို့ ထင်မိပါတယ်။ မူးယစ်ဆေးပြတ်ပြီး လမ်းမှန်ကိုပြန်ရောက်နေပြီဖြစ်တဲ့ ရဲတိုက်အတွက် ရှေ့ဆက် ခွန်အားတွေရဖို့ ပရိသတ်တွေလဲ အားပေးစကားတွေရေးခဲ့ပေးပါဦး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့အမြင်လေးကိုလဲ ပြောပေးသွားပါဦး။credit