Celebrities

ကြည့်ရှုသူ (၁) သန်းကျော်ခဲ့တဲ့ထိ အားပေးကြမ်းခဲ့ကြတဲ့ ကိုဗစ်နဲ့ ဇီဇာကြောင် မေမေဇာ ဆိုတဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က တော့ သားလေး ဘုန်းမင်းနေလ ၊ သမီးထင်သစ္စာတို့နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ သားနဲ့သမီးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ပါ ။

လတ်တလောမှာတော့ ဘုန်းမင်းနေလက ကိုဗစ်ကို အကြောက်လွန်တဲ့ မေမေဇာတစ်ယောက် ဘယ်လိုအလွဲတွေ ဖြစ်နေတယ်ဆိုတာကို ဗီဒီယိုလေး ရိုက်ကူးပြီး ပရိသတ်တွေကို သူ့ရဲ့ ပေ့ချ်ကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကိုဗစ်ကူးမှာ စိုးရိမ်လို့ သားသမီးတွေကို ဆူပူရင်း အလွဲလေးတွေ ဖြစ်နေတာကို ဟာသ သဘောမျိုးရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့တာပဲဖြစ်ပါတယ် ။

ခုလို (၂၄) နာရီအတွင်းကြည့်ရှုသူ (1.3) M ရရှိခဲ့တဲ့အတွက် နောက်ထပ် ဗီဒီယိုတွေ အများကြီးတင်ဆက်ပေးဖို့ရှိသေးလို့ အားပေးကြပါဦး လို့ ဘုန်းမင်းနေလကတောင်းဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးအားလုံးလည်း အိမ်မှာနေရတဲ့အချိန်မှာ ဒီဗီဒီယိုလေးကို ကြည့်ပြီး အပျင်းပြေကြပါစေနော် ..။

ကိုဗစ် ကို ကြောက်တဲ့ မေမေဇာ

ကိုဗစ် ကို အကြောက်လွန်တဲ့ မေမေဇာတစ်ယောက် ဘယ်လို အလွဲလေးတွေ ဖြစ်နေတယ်ဆို တာ ဒီဗွီယို ဖိုင်လေးကိုကြည့် လိုက်ပါနော်….❤??ပရိတ်သတ်ကြီးအားလံုးအိမ်မှာနေရတဲ့အချိန်မှာဒီvideoလေးကိုကြည့်ရင်းအပျင်ပြေနိုင်ကြပါစေ✨✨#ပရိသတ်ကြီးအားလုံးအမြန်ဆုံးပြန်လည်ကျန်းမာတဲ့ကမ္ဘာကြီးကို ရရှိကြပါစေဗျာ ❤❤

Posted by Phone Min Nay La-ဘုန်းမင်းနေလ on Saturday, 12 September 2020