Celebrities

ရသ ရဲ့အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်နဲ့ ဒိုင်အားလုံးကို အံ့အားသင့်စေခဲ့တဲ့ တိုးကြီ

ဒီနေ့ညထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Blind Audition Episode-4 မှာ ဒိုင်လေးယောက်စလုံးကို အံ့အားသင့်စေခဲ့သူကတော့ တိုးကြီးပါ။ သူကတော့ အဆိုတော် ရသရဲ့ အကောင်းဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “တစ်ခါတုန်းက” ဆိုတဲ့ သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီသီချင်းလေးကတော့ လူငယ်တော်တော်များများရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့သီချင်းလေးဖြစ်သလို ထောင်ထဲမှာရောက်နေတဲ့ ရသ ကိုလည်း ပြန်အမှတ်ရစေခဲ့ပါတယ်။ တိုးကြီးကတော့ ကိုယ်တိုင်လည်း Studio Engineer တစ်ယောက်အဖြစ် လုပ်ကိုင်နေသူမို့ သီချင်းလေးကို အမှားအယွင်းမရှိ သီဆိုနိုင်ခဲ့တဲ့အပြင် ဒိုင်လေးယောက်စလုံးကို အချိန်တိုအတွင်းလှည့်ကြည့်လာအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။

The Voice Myanmar ပြိုင်ပွဲစဉ်တလျှောက် Rap သီချင်းတွေနဲ့ ဒိုင်လေးယောက်လှည့်ကြည်ြ့ခင်းရရှိခဲ့သူ ရှားပေမယ့် တိုးကြီးကတော့ သူ့ရည်ရွယ်ရာကို ဖြစ်အောင်ကြိုးစားခဲ့ပြီး သူ့ရဲ့ Coach အဖြစ် ကျားပေါက်ကို ရွေးချယ်ခဲ့ပါတယ် ။ ရသ ကို ပရိသတ်ကြီး ပြန်လည်အမှတ်ရစေလိုတဲ့စိတ်နဲ့ ရသ ရဲ့သီချင်းလေးကို ရွေးချယ်သီဆိုခဲ့တဲ့ တိုးကြီးရဲ့ယှဉ်ပြိုင်မှုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – The Voice Myanmar
Rainbow- Cele Gabar

#Credit