Celebrities

ရန်ကုန်မြို့ကြီး တော်တော်အခြေအနေဆိုးနေပြီဖြစ်ကြောင်း မျှဝေလာတဲ့ ဝေဠုကျော်

ကိုဗစ်ဒုတိယလှိုင်းမှာ ရန်ကုန်ကတော့ တော်တော်အခြေအနေဆိုးနေပြီဖြစ်ကြောင်း ဝေဠုကျော်ကတော့ သူကြုံတွေ့နေရတာတွေကို အခြေခံပြီး မျှဝေလာပါတယ်။ သူကတော့ ကိုဗစ်စတင်ကတည်းက Q ဝင်မယ့်သူတွေ၊ သံသယလူနာတွေကို Q Center တွေကို လိုက်လံပို့ဆောင်ပေးနေသူဖြစ်ပြီး မနေ့တုန်းက Q ဝင်ဖို့အတွက် သူ့ဆီဖုန်းတွေဆက်၊ စာပို့ကြတဲ့သူတွေ အများကြီးပါပဲတဲ့။ လက်ရှိအချိန်မှာတော့ တစ်ဟုန်ထိုးများပြားလာတဲ့လူနာတွေကြောင့် ရပ်ကွက်ထဲက အနံ့ပျောက်တဲ့သူတွေ၊ သံသယလူနာတွေကိုတောင် ခေါ်ထားစရာနေရာမရှိတော့ပါဘူးတဲ့ ပရိသတ်ကြီးရေ..

ကြာရင် အမေရိကန်လိုမျိုး ရောဂါသည်းမှ ဆေးရုံလာပြကြတော့လို့ ပြောရမယ့်အခြေအနေရောက်သွားမှာကို စိုးရိမ်မိကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ လတ်တလောမှာတော့ အရေးပေါ်လူနာတွေထားဖို့ ဆေးရုံတွေတိုးချဲ့တာတွေ၊ ယာယီဆေးရုံတွေ ဆောက်လုပ်တာတွေကို အမြန်ဆုံးလုပ်နေကြသလို Q Cenetr တွေလည်း ဆက်တိုက်ပြင်ဆင်နေတာကိုတော့ ပရိသတ်ကြီးလည်း တွေ့မြင်ကြမှာပါ။ ဒီတစ်ခေါက် ဒုတိယလှိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေပါ ထိကုန်တာကြောင့် ဝေဠုကျော်ကတော့ အသက်ကိုရင်းပြီးကူညီနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ သူတို့လိုပရဟိတသမားတွေကို စာနာငဲ့ညှာရင် ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်နာကြဖို့၊ အဆိုးမြင်ဝေဖန်အပြစ်တင်တတ်တဲ့စိတ်တွေ လျှော့ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကပ်ရောဂါဘေးကြီးကင်းဝေးဖို့ ဆုတောင်းနေရုံနဲ့မပြီးဘဲ နိုင်ငံတော်ကချမှတ်ထားတဲ့စည်းကမ်းတွေဖြစ်တဲ့ Mask တပ်ဖို့၊ လက်ကို ခဏခဏဆေးကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ကြည်ဖို့၊ ခရီးမသွားကြဖို့ကို လိုက်နာပေးကြပါလို့ ရေးသားခဲ့ပြီး ကိုယ်တိုင်ကကျန်းမာရေးကောင်းရင်တောင် မိဘ၊အဘိုး၊အဘွားတွေရဲ့အသက်ကို ဒီ ကိုဗစ်ကပ်ရောဂါက ယူသွားနိုင်တယ်ဆိုတာ မမေ့ကြဖို့လည်း သတိပေးစကားပြောကြားခဲ့ပါတယ်။

Source – Wai Lu Kyaw
Rainbow- Cele Gabar

#credit