Celebrities

HIV ပိုးကူးစက်ခံထားရတဲ့ သမီးငယ်လေး အရေးပေါ်ဆေးရုံတင်လိုက်ရကြောင်း မျှဝေလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူလက်ခံခဲ့တဲ့ HIV ပိုးကူးစက်ခံထားရတဲ့သမီးလေး အရေးပေါ်ဆေးရုံတင်လိုက်ရကြောင်း မျှဝေလာပါတယ်။ ဒီသမီးလေးရဲ့မိဘနှစ်ပါးစလုံးကလည်း HIV ပိုးကူးစက်ခံထားရသူတွေဖြစ်ပြီး မိခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

မဆုံးပါးခင် ခိုင်နှင်းဝေဆီမှာ အပ်နှံခဲ့တဲ့ မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်း ခိုင်နှင်းဝေက လက်ခံစောင့်ရှောက်ပေးခဲ့တာပါ။ ဒီနေ့မှာတော့ ဒီသမီးလေးက အသက်ရှုမဝကာ အသားများ ပြာနှမ်းလာတာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ဆေးစစ်ချက်အဖြေအရ အဆုတ်တစ်ခြမ်းပျက်စီးနေတာကြောင့် အောက်စီဂျင်ပေးထားရပါတယ်တဲ့ ပရိသတ်ကြီးရေ..

မွေးကတည်းက HIV ပိုးပါလာခဲ့တဲ့ သမီးလေးအတွက် ခိုင်နှင်းဝေကတော့ များစွာစိတ်မကောင်းဖြစ်ခဲ့ရတဲ့အပြင် အခုလိုထပ်ပြီးတော့ အရေးပေါ်ဆေးရုံတင်ခဲ့ရတာကြောင့် ရတောင့်ရခဲတဲ့ ဘဝလေးမှာ သမီးလေးအသက်ရှင်ရပ်တည်သွားနိုင်ဖို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ.. အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့သမီးလေး မြန်မြန်သက်သာလာဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
Rainbow- Cele Gabar

#credit