Celebrities

သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိလာဦးမယ့် မေမီကိုကို

မေမီကိုကိုကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းလှတဲ့ ပရိသတ်အချစ်တော်မေမီကိုကိုကတော့ သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကိုပိုမိုလုပ်ကိုင်နေခဲ့ပါသေးတယ်။

လတ်တလောမှာလည်း မေမီကိုကိုက သီချင်းလေးတစ်ပုဒ်ထွက်ရှိလာဖို့ ရှိနေခဲ့ပါတယ်။ သီချင်းအသစ်လေးရဲ့ နာမည်ကတော့ “ယုံကြည်နေမယ့် ချစ်ခြင်း”လို့ နာမည်ပေးထားပြီး သီချင်းလေးထွက်ရှိလာဖို့ရှိနေတဲ့အကြောင်းကို “ယုံပါ ရင်မှာအကြင်နာ ငါလေမပြောင်းလဲ…နင်တောင်းခဲ့တဲ့လိုတဲ့အချစ်တွက် ငါလေပေးဆပ်…..”လို့ သီချင်းစာသားလေးနဲ့အတူ ပိုစတာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

သီချင်းလေးကိုတော့ မေမီကိုကိုကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလေးဖြစ်ပြီး ပရိသတ်တွေကတော့ သီချင်းလေးထွက်ရှိလာဖို့ကို မျှော်လင့်စောင့်စားနေကြောင်းပြောဆိုနေကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေထဲက မေမီကိုကိုရဲ့ ပရိသတ်ကြီးတွေအတွက်လည်း ဒီသီတင်းကောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

#credit