Celebrities

နေတိုင်းဆွမ်းတန်းကြွတဲ့ ဘုန်းဘုန်းတွေဆွမ်းတန်းမကြွတော့ဘူးဆိုလို့ ချက်ချင်း ဆန်၊ဆီတွေ သွားလှူလိုက်တဲ့ ပိုပို

ပိုပိုကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်တစ်ယောက်ဆိုပေမဲ့ ဘုရားတရားကိုင်းရှိုင်းပြီး လူကြီးသူမတွေအပေါ်မှာ သိတတ်လိမ္မာလွန်းလှတဲ့အပြင် အလှူအတန်းတွေလည်း တတ်နိုင်သလောက်ပြုလုပ်လေ့ရှိပါတယ်။

နေ့စဉ်မနက်တိုင်း ဆွမ်းတန်းကြွတဲ့ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းလောင်းလှူတဲ့ ကုသိုလ်လေးကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ သို့ပေမဲ့လည်း လတ်တလောမှာဖြစ်ပေါ်နေတဲ့ Covid Second Wave ကြောင့် အိမ်ရှေ့ကို နေ့တိုင်းဆွမ်းတန်းကြွတဲ့ ဘုန်းဘုန်းတွေ ဆွမ်းတန်းမကြွတော့ဘူးဆိုတော့ ပိုပိုက ချက်ချင်းပဲ ဆန်၊ဆီနဲ့ ဝတ္ထုငွေတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။

ပိုပိုအခုပြုလုပ်တဲ့ အလှူလေးက အနုပညာကြေးတွေကို စုပြီးပြုလုပ်တဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေ အားလုံးသာဓုခေါ်ဆိုလို့ရအောင် ပိုပိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ပိုပိုကတော့ Covid ဒုတိယလှိုင်းမှာ မြန်မာ ပြည်သူ ပြည်သားများ ဘုရား များများ ရှိခိုးကြဖို့ တိုက်တွန်းထားပါတယ်နော်။

#credit