Knowledge

အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ( ၃ )မျိုး သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ( ၃ )မျိုး သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

ဂမုန်းဆိုတဲ့အပင်မျိုးနွယ်လေး ကတော့ မြန်မာလူမျိုးတွေ အတွက်သိပ်မစိမ်းတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့တချို့ဂမုန်းပင်တွေကအပင်ကြီးတွေမှာတွယ်ကပ်ေ ပါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ရှေးခေတ်က မြန်မာလူမျိုးတွေဟာဂမုုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊ရာထူး အာဏာတိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြအန္တရာယ်ကင်းဖို့ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်း အပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ဒါကပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှအိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေက လည်းရှိနေပါတယ်။အဲ့အပင်(၃)မျိုးကို စိုက်ပျိုးရေး ဝါသနာရှင်တွေသထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ဆင်စွယ်ဂမုန်းဟာစိုက်ပျိုးသူကို စီးပွားလာဘ်လာ ဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ဒါ့အပြင်ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီးစီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲရန်လိုခြင်း၊ မိသားစုအတွင်းပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့ စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့အထူးရှောင်ကြဉ်ေ စချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင်စီးပွားလာဘ်လာဘတွေတိုးတက်စေသည် မှန်သော်လည်းမိသားစုထဲမှတစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ ၉၀ရာ ခိုင်နှုန်းဟာကျန်းမာရေးအန္တရာယ်ကြုံရ တက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ဒါကြောင့်ဆင်ဂမုန်းဟာအိမ်တွင်းမှာစိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်း

ကုုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေကလှိုင်းတွန့်နေတဲ့အရွက် ပုံစံမျိုးလေးပါ။ ဒီဂမုန်းကတော့ညဘက်တွေမှာ ဖူးတံထွက်ပြီးအဖြူရောင် အပွင့်လေးတွေပွင့်တက်ပါတယ်။ကြာပွင့်တွေလိုအထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့်ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ကုမုဒ်ကြာဂမုန်းဟာစီးပွားလာဘ်လာဘတွေဖြစ်စေသော်လည်းမိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။သုုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကို စိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်းပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ကုမုဒ်ကြာဂမုန်းကို နုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့ မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာ ဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

My Mandalay

အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ( ၃ )မျိုး သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေး ကတော့ မြန်မာလူမျိုးတွေ အတွက် သိပ်မစိမ်းတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ေ ပါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ် ။ရှေးခေတ်က မြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊ရာထူး အာဏာတိုးတက်ဖို့၊ ဧည့်ကောင်းဆော င်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့ အိမ်တွင်း အပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာ မှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေက လည်း ရှိနေပါတယ်။အဲ့အပင်(၃)မျိုးကို စိုက်ပျိုးရေး ဝါသနာရှင်တွေ သထိထား ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာ ဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောက မျိုးစုံဖြစ်ပွား တက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေ အနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်ေ စချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည် မှန်သော်လည်းမိသားစုထဲမှတစ်ယောက် ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ ၉၀ရာ ခိုင်နှုန်းဟာကျန်းမာရေးအန္တရာယ်ကြုံရ တက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ဒါကြောင့် ဆင်ဂမုန်းဟာအိမ်တွင်းမှာစိုက်ပျိုးဖို့ လုံးဝမ သင့်တော်တဲ့ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်း

ကုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေကလှိုင်းတွန့်နေတဲ့အရွက် ပုံစံမျိုးလေးပါ။ ဒီဂမုန်းကတော့ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင် အပွင့်လေးတွေပွင့်တက်ပါတယ်။ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ကုမုဒ်ကြာဂမုန်းဟာစီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်းမိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။သုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကို စိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်း ပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ကုမုဒ်ကြာဂမုန်းကို နုတ်ပြီး စွန့်ပစ်ခဲ့ချိန်မှာတော့ မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာ ဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

My Mandalay