Local News

သုဝဏ္ဏမြက်ခင်းတုဘော်လုံးကွင်းမှာ ယာယီကွာရာတင်းစင်တာဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျစားရိတ်အားလုံးကိုဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူမည်

သုဝဏ္ဏမြက်ခင်းတုဘော်လုံးကွင်းမှာ ယာယီကွာရာတင်းစင်တာဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျစားရိတ်အားလုံးကိုဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူမည်

ပရိတ်သတ်ကြီးရေလက်ရှိမြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါပိုး ရဲ့ ပထမလှိုင်းကို‌ဖြတ်ကျော်ခဲ့ပေမဲ့ဒုတိယလှိုင်းမှာတော့ကူးစက်ခံလူဦးရေဟာတစ်ဖြည်း ဖြည်းများလာပါတယ်။ဒီချိန်မှာ ကွာရန်တင်းထားရမည့်နေရာဟာလည်းတစ် ဖြည်းဖြည်း ခက်ခဲလာခဲ့ပါတယ်။

သို့သော်မြန်မာနိုင်ငံရဲ့စီးပွားရေူလုပ်ငန်ရှင်လည်းဖြစ် ဘော်လုံးအဖွဲချုပ်ဥက္ကဌလည်းဖြစ်တဲ့ဦးဇော်ဇော်ကကျန်းမာရေးနှင့် အားက စား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကိုဆောက်လုပ်ရန်ကြိုးပမ်းလျက်ရှိပါတယ်။ကုန်ကျစားရိတ်အားလုံးကိုလည်း သူ့ရဲ့ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာဖြစ်ကြောင်းကို

“Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေများပြားလာတာကြောင့် ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်လျက်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ကုသရေးကိစ္စအဝဝကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းကကျခံပေးသွားမှာ ဖြစ်ပါတယ်။ ထို့ အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ ဝန်ထမ်းတွေအားလုံးရဲ့နေထိုင်စားသောက် ရေးကိစ္စ အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”လို့လူမှုကွန်ယက်စာမျက်နှာမှတဆင့်ပြောလာပါတယ်။

ယခုလို လိုအပ်နေချိန်မှာဆောင်ရွက်ပေးတဲ့ဦဇော်ဇော်အားအထူးပင်ကျေးဇူးတင်ပါတယ်နော်။ပရိတ်သတ်ကြီးရဲ့အမြင်ကိုလည်း ပြောခဲ့ပေးပါဦးနော်

Source U Zaw Zaw

#credit