Celebrities

သင်က ကျမ်းမာရေးကောင်းလို့ မသေနိူင်ရင်တောင် သင့်မိဘအဖိုးအဖွား တွေရဲ့ အသက်ကို ဒီ COVID 19 ကယူသွားနိူင်တာမို့ အိမ်မှာပဲနေကြဖို့တိုက်တွန်းလိုက်တဲ့ ဝေဠုကျော်

သင်က ကျမ်းမာရေးကောင်းလို့ မသေနိူင်ရင်တောင် သင့်မိဘအဖိုးအဖွား တွေရဲ့ အသက်ကို ဒီ COVID 19 ကယူသွားနိူင်တာမို့ အိမ်မှာပဲနေကြဖို့တိုက်တွန်းလိုက်တဲ့ ဝေဠုကျော်

ရန်ကုန်မြို့ကြီးကအခြေအနေ တော်တော်ဆိုးနေပါပြီ။ဆေးရုံတွေ Q စခန်းတွေ ပြည့်ကုန်ပြီ။ဒီနေ့ကျွန်တော်တို့ဆီကိုဖုန်းတွေဆက် စာတွေပို့ကြတယ် P ထွက်တာလာမခေါ်လို့။ထိစပ်တွေ Q ဝင်ချင်တာတို့ မျိုးစုံပါပဲ။ရပ်ကွက်ထဲကအနံ့ပျောက်တဲ့သူတွေကိုတောင် ခေါ်ထားစရာနေရာ မရှိတော့ပါဖူးကြာရင် အမေရိကန်လိုရောဂါသည်းမှဆေးရုံလာပြကြတော့လို့များဖြစ်လာမလားပိုးတွေပိုပြီ ပျံ့ကုန် မလားပိုပြီး စိုးရိမ်လာမိပါတယ် ၊အရေးပေါ် လူနာထားဖို့ကိုတော့ ဆေးရုံတွေတိုးချဲ့တာတို့ယာယီ‌ဆေးရုံတွေ ဆောက်တာတို့ကိုချက်ချင်းအမြန်ဆုံးလုပ်နေကြသလို Q စင်တာတွေလည်း နေမအား ညမနားဆက်လက်ပြင်ဆင်နေပါတယ်ဗျာ…

အစ ဘယ်ကမှန်း ရှာမရတော့ အခု ဒုတိယလှိုင်းမှာ အဆုံးသတ်ရခက်နေပါပြီ။အခု ပျံနှံမှုမှာတော့ ကျမ်းမာရေး ဝန်ထမ်း တွေပါ ထိကုန်ကြတာများလာတာပါပဲ။အချို့ ရန်ကုန်ရပ်ကွက်တွေက အိမ်တွေ တိုက်ခန်းတွေက ကျဥ်းမြောင်းပြီး လူဦးရေ ထူထပ်တာမို့အိမ်ထဲ မှာညအိပ်မှပဲနေကြပြီး တနေ့ခင်းလုံး ရပ်ကွက်ထဲ ရောထွေးနေထိုင်တတ်တဲ့ ဓလေ့ရှိတာကြောင့် တစ်ယောက်ကူးခံရရင် တစ်ရပ်ကွက်လုံး ပျံဖို့ တော်တော်သေချာနေတာပါပဲ

ဘယ်လောက်ပဲရှုပ်ထွေးထွေး မရရအောင် အစဆွဲထုတ်ပြီး အဆုံးသတ်ရမှာပါ ဒါမှ CV 19 ဒုတိယလှိုင်းရဲ့ ပျံနှံတာ ရပ်တန့်မှာပါ။ကျွန်တော်တို့လဲ ကိုယ့်အသက်အရွယ်‌တွေမှာ ဆီးချို သွေးတိုး ရောဂါတွေက ရှိနှင့်နေပြီးသားမို့ ကပ်ရောဂါကူးခံရမှာ အများနည်းတူ ကြောက်ပါတယ်။ဒါပေမယ့်လဲခုချိန်မှာကအားလုံးကြောက်ပြီး အပြင်မထွက်ဖဲ နေကြတာက အကောင်းဆုံးဆိုပေမဲ့လည်း အဲ့ဒါက CV 19 ရောဂါကြီး ရပ်တန့်ဖို့ အတွက်ကျတော့ ပြီးသွားမှာ မဟုတ်‌တော့ပါဖူး။

ဘယ်လောက်ပဲကြောက်ကြောက် လူသားချင်းစာနာကူညီတတ်တဲ့ စိတ်နဲ့ကျွန်တော်တို့လိုပရဟိတသမားတွေနဲ့ ရှေ့တန်းမှာဦးဆောင်နေရတဲ့ကျမ်းမာရေးဝန်ထမ်းတွေကတော့ဆက်လက်တာဝန်ထမ်းဆောင်ကူညီနေရအုံးမှာပါဘဲ အသက်ကိုရင်းပြီးကူညီနေတဲ့လူတွေကိုစာနာငဲ့ညှာရင်ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်နာကြပါ

အဆိုးမြင် ဝေဖန်အပြစ်တင်တတ်တဲ့ စိတ်တွေကို လျှော့ကြပါ ၊ ကပ်ရောဂါဘေးကြီးက ကင်းဝေးဖို့ ဆုတောင်းနေရုံနဲ့မပြီးနိုင်လောက်ပါ ၊

Maskတပ်ကြပါ

လက်ဆေးကြပါ

မလိုအပ်ပဲ အပြင်မထွက်ပါနဲ့

ခရီးမသွားကြပါနဲ့

သင့်အသက်ကိုရော သင့်ပတ်ဝန်းကျင်က လူတွေရဲ့အသက်ကိုပါ ငဲ့ညှာတတ်ရင် ကပ်ရောဂါကိုကြောက်ကြပါ။ကာကွယ်ကြပါ။သင်က ကျမ်းမာရေးကောင်းလို့ မသေနိူင်ရင်တောင် သင့်မိဘအဖိုးအဖွား တွေရဲ့ အသက်ကို ဒီ COVID 19 ကယူသွားနိူင်တယ် ဆိုတာ မမေ့ကြပါနဲ့။ ကပ်ရောဂါဘေးကြီးမှ ကင်းဝေနိုင်ကြပါစေ

အားလုံးကို လေးစားတန်ဖိုးထားလျှက်…

#WaiLuKyaw
#ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010,09455500014,09776089484