Celebrities

မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံအတွက် ကြက်ပေါင်းဆီချက် အပွဲ (၁၄၀) လှူဒါန်းသွားမယ့် ဇေရဲထက်

မြန်မာ့ရုပ်ရှင်ချစ်သူတို့ရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ မင်းသားဇေရဲထက်ကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ အနုပညာလုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးနေတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရည်ချောမောတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး သူ့ပရိသတ်တွေကိုအရမ်းချစ်တဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ် ။

ဇေရဲထက်ကတော့ မကြာခဏ ဆိုသလို တတ်အားသမျှလေးနဲ့လှူဒါန်းမှုတွေပြုလုပ်လေ့ရှိတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ် ။ လက်ရှိ ကိုဗစ်ကာလမှာလည်း တနလာၤနေ့ နေ့လည် ဝေဘာဂီဆေးရုံအတွက် ကြက်ပေါင်းဆီချက် အပွဲ (၁၄၀) လှူရန်စီစဉ် နေကြောင်း သိရှိရပါတယ် ။ အခုလို ရောဂါဆိုးကြီးကို ပြည်သူတွေအားလုံး ကျော်ဖြတ်နေရတဲ့အချိန်မှာ အမှန်တကယ်လိုအပ်နေတဲ့ ဆေးရုံလိုနေရာမျိုးမှာ လှူဒါန်းမှာဖြစ်တဲ့အတွက် ဇေရဲထက်ရဲ့ ပရိသတ်တွေကတော့ ချီးကျူးမဆုံးဖြစ်နေကြတာပါ ။

ဇေရဲထက်ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကတော့ သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေဆိုတဲ့ ဆုတောင်းတွေ မှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။ ဇေရဲထက်တစ်ယောက် နောက်လည်း လိုအပ်နေတဲ့နေရာတွေမှာဒီထက်မက လှူဒါန်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းပေးလိုက်ပါတယ်နော် ။credit