Celebrities

ကျွန်မလည်း နှာဘူးပါပဲ ဘူးစရာ မြင်ရင် ဘူးလိုက်တယ်ဆိုတဲ့ ခင်သဇင်

မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ခင်သဇင်ကတော့ အခုဆိုရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်ကူးနေပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကျွန်မလည်း နှာဘူးပါပဲ ဘူးစရာ မြင်ရင် ဘူးလိုက်တာပဲ.. body တောင့်တောင့် ပုံတွေဆို ကြိုက်တယ်လေ .. ကြည့်တယ် လို့ခင်သဇင်ကဆိုလာပါတယ် ။

ကြည့်တယ်ဆိုပေမယ့် အကောင်ရဲ့ နင်အဲလောက်ပြချင်နေလားလို့ တခါမှ မတွေးဖူးသလို အပြစ်လည်း သွားမပြောဘူး..ချိုးနှိမ်ပြီးလည်း မတိုက်ခိုက်ဘူး သူဖော်တာကို ဝင်လည်း မနာဘူး.. ကိုယ့်မိသားစုမှ မဟုတ်တာ.. အ မြင်လည်း မကတ်ဘူး..ပြောချင်တာက အာမချောင်ဘူး.. လျှာဝင် မရှည်ဘူး.. အဲ… အ မြင်ကတ်ပြီ ဆိုရင်တော့ သေချာပြီ သူက ကိုယ်တွေလို နှာဘူး အစစ်မဟုတ်လောက်ဘူး..ဂန်ဒူးဖြစ်မယ် ဆိုတဲ့စာသားလေးနဲ့အတူ သူတစ်ပါးကို ဝေဖန်ဆဲဆိုနေတဲ့ သူတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပညာသားပါပါနဲ့ ခနဲ့တဲ့တဲ့ ရေးသားဖော်ပြခဲ့ပါတယ် ။

နှာဘူးဂုဏ် ထိခိုက်စေတယ် အဲလို အာဝင် ချောင်တာတွေက.. ကိုယ်ကတော့ အဲလို အာဝင်ချောင်သူတွေကြောင့် နောက် မဘူးရတော့မှာပဲ ကြောက်တယ် လို့လည်း အရွှန်းဖောက်ပြီး စနောက်ရေးသားထားပါသေးတယ် ။ သူမရဲ့ ဓာတ်ပုံအချို့ကို ဝေဖန်ဆဲဆိုနေတဲ့ ပရိသတ်တွေကြောင့် ဒီပို့စ်ကို ဖျက်ခဲ့ပေမယ့် ပရိသတ်တွေက ဖျက်စရာမလိုဘူးဆိုတဲ့အကြံပြုချက်တွေ ပေးခဲ့ကြတဲ့အတွက် ပြန်လည်ရေးသားဖော်ပြခဲ့တာပါ ။credit