Celebrities

ဒီလရိုက်ဖို့ရှိတဲ့ ကြော်ငြာတွေ ဖျော်ဖြေရေးတွေနဲ့ လိပ်ပြာ Season-2 ပါရပ်နားလိုက်ရပြီဆိုတဲ့ ပန်းရောင်ခြယ်

ပုရိသပရိသတ်တွေရဲ့ အသည်းကျော် အဆိုတော်၊ကြော်ငြာမင်းသမီးလေးတစ်ယောက် ဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေပြီဖြစ်တဲ့ ပန်းရောင်ခြယ် ကတော့ လက်ရှိမှာ ကြော်ငြာတွေ ဖျော်ဖြေရေးတွေ အပြင် လိပ်ပြာ Season -2 ကိုပါ ရိုက်ကူးနေတာပါ ။ မကြာသေးမီက ဂရေဟမ်နဲ့ အတူ ပန်းရောင်တို့ညီအစ်မနှစ်ယောက်ရဲ့ ဖျော်ဖြေရေးပွဲလေးကိုလည်း Live လွှင့်ပြီး ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ပါသေးတယ် ။

လတ်တလောမှာတော့ ဒီလထဲရိုက်ဖို့ရှိတဲ့ ကြော်ငြာ (၂) ခု ၊ ဖျော်ဖြေရေး အစီစဉ်နှစ်ခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားပြီး လိပ်ပြာ Season-2 ကိုလည်း နားလိုက်တာ ရက်ပိုင်းလောက်ရှိပြီလို့သိရပါတယ် ။ လောလောဆယ် အိမ်မှာပဲနေပြီး အရေးတကြီးမလိုအပ်ဘဲ လုံး၀ မထွက်သလို အိပ်ရေးဝအောင် စောစောအိပ်ပြီး အစားလဲများများစားတယ် ကိုယ်ခံအားကောင်းအောင်နေတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ခုချိန် ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူဖြတ်သန်းပြီး အပြန်အလှန်စောင့်ရှောက်နေတယ် ၊ ကိုယ်လေ့လာစရာ သင်ယူစရာတွေအများကြီး ရှိတာကို အချိန်ပေး သင်ယူဖြစ်တယ် ကိုယ်ကြိုက်တဲ့ရုပ်ရှင်တွေကြည့်တယ် ၊ စာအုပ်ဖတ်တယ် ကျန်းမာရေးကို ဂရုစိုက်ပြီးနေတယ်လို့လည်း သူမရဲ့ Covid ကာလ ဖြတ်သန်းပုံကို မိုင်ဒေးမှာရေးသားထားပါသေးတယ် ။ ပန်းရောင်က ပရိသတ်တွေအားလုံးလည်း ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် နော် ။credit