Celebrities

Scarlett လေးရဲ့(၂) နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေလာတဲ့ Ah Boy

ပရိသတ်ကြီးရေ… ဒီနေ့ စက်တင်ဘာလ(၁၃) ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ ရင်နှစ်သည်းချာသမီးချောလေးဖြစ်တဲ့ Scarlett ရဲ့(၂) နှစ်ပြည့်မွေးနေ့လေးပါ။ မေမေ၊ ဖေဖေ တို့ရဲ့ ပုံလေးတွေ၊ ဗွီဒီယိုလေးတွေထဲမှာ အမြဲလိုလို ပါတတ်တဲ့ သမီးလေး Scarlett ကိုတော့ ပရိသတ်ကြီးလည်း ရင်းနှီးနေလောက်ပြီ ထင်ပါတယ်နော်။

ဒီနေ့ Scarlett ရဲ့မွေးနေ့လေးမှာတော့ သမီးလေးမွေးနေ့အမှတ်တရအဖြစ် ချစ်စဖွယ်ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။ ဒီဗွီဒီယိုလေးကိုတော့ လွန်ခဲ့တဲ့(၂) လကတည်းက ရိုက်ကူးထားတာဖြစ်ပြီး မြတ်ရတနာကျော်ကတော့ သူငယ်ငယ်လေးကတည်းက ကြိုက်ခဲ့ရတဲ့ ဆရာငှက်ရဲ့ “အဓိပတိလမ်းက ခြေရာများ” သီချင်းလေးနဲ့ ဗွီဒီယိုလေးကို ဖန်တီးခဲ့တာပါတဲ့ ပရိသတ်ကြီးရေ..

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နာမည်ကျော်နေရာတစ်ခုဖြစ်တဲ့ အဓိပတိလမ်းပေါ်မှာ Scarlett လေးကတော့ သီချင်းနဲ့လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ အသက်(၂) နှစ်သာရှိသေးပေမယ့် အနုပညာရှင်တွေရဲ့သမီး ပီသစွာ လူကြီးဆန်ဆန် တည်တည်ငြိမ်ငြိမ်လေး ရိုက်ကူးနိုင်ခဲ့တဲ့ Scarlett ရဲ့မွေးနေ့အမှတ်တရဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အဓိပတိလမ်းက ခြေရာများ

(Unicode)Scarlett လေးရဲ့ ၂နှစ်ပြည့် မွေးနေ့လေးမှာ အမှတ်တရ ဖြစ်နေအောင် မြတ်ငယ်ငယ်လေးတည်းက အရမ်းကြိုက်ရတဲ့ သီချင်း "အဓိပတိလမ်း က ခြေရာများ" နဲ့ Scarlett လေးကို Video လေး ရိုက်ပြီး တင်ဆက်လိုက်ပါတယ်နော်။"အဓိပတိလမ်းက ခြေရာများ" သီချင်းကို Scarlett လေးအသုံးပြုရန် ခွင့်တောင်းစဉ် ကြည်ဖြူစွာနဲ့ အသုံးပြု ခွင့်ပြုပေးပါသော ဆရာငှက် (ဦးထူးအိမ်သင်)မိသားစုနှင့် တေးရေး- ဆရာဦးဝင်းမင်းထွေး အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ဒီ Video လေးက လွန်ခဲ့သော ၂လ ခန့် က သွားရောက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်ရှင့်။ ?❤️#OurTravelDiaries#OTD#AhBoy#MyatYadanarKyaw#ScarlettPhyoTun#Birthday#HtooEainThin#အဓိပတိလမ်းကခြေရာများ(Zawgyi)Scarlett ေလးရဲ့ ၂ႏွစ္ျပည့္ ေမြးေန႔ေလးမွာ အမွတ္တရ ျဖစ္ေနေအာင္ ျမတ္ငယ္ငယ္ေလးတည္းက အရမ္းႀကိဳက္ရတဲ့ သီခ်င္း "အဓိပတိလမ္း က ေျခရာမ်ား" နဲ႔ Scarlett ေလးကို Video ေလး ရိုက္ၿပီး တင္ဆက္လိုက္ပါတယ္ေနာ္။"အဓိပတိလမ္းက ေျခရာမ်ား" သီခ်င္းကို Scarlett ေလးအသုံးျပဳရန္ ခြင့္ေတာင္းစဥ္ ၾကည္ျဖဴစြာနဲ႔ အသုံးျပဳ ခြင့္ျပဳေပးပါေသာ ဆရာငွက္ (ဦးထူးအိမ္သင္)မိသားစုႏွင့္ ေတးေရး- ဆရာဦးဝင္းမင္းေထြး အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။ဒီ Video ေလးက လြန္ခဲ့ေသာ ၂လ ခန႔္ က သြားေရာက္ရိုက္ကူးထားျခင္းျဖစ္ပါတယ္ရွင့္။ ?❤️#OurTravelDiaries#OTD#AhBoy#MyatYadanarKyaw#ScarlettPhyoTun#Birthday#HtooEainThin#အဓိပတိလမ္းကေျခရာမ်ား

Posted by Our Travel Diaries on Saturday, 12 September 2020

Source – Our Travel Diaries
Rainbow- Cele Gabar

#credit