Health & Knowledge

သဘာဝ အတိုင်း ကျောက်ကပ် ဆေး နိုင်တဲ့”နံနံပင်ရဲ့ အစွမ်း

ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှုပုံစံတွေကျင့်သုံးလာတဲ့အတွက်ကြောင့်လူ့ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေစုပြုံလာပါတယ်။ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့လိုအပ်လာပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အဆိပ်အတောက်တွေများလာရင် ကျောက်ကပ်ပစ္စည်းတာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။

ကျောက်ကပ်ကို နံနံပင်နဲ့ပြုလုပ်ထားတဲ့သဘာဝဆေးနဲ့ဆေးကြောမယ်။နံနံပင်မှာ ဗီတာမင် K,C,A နဲ့ဖောလစ်အက်ဆစ်၊သံဓာတ် စတာတွေပါဝင်တာကြောင့်ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကိုအစွမ်းထက်ထက်နဲ့ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။နံနံပင်က ဆီးရွှင်စေပြီး ဆီးသွားတဲ့ နှုန်းကို များအောင် လုပ်ပေးနိုင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ဆားတွေ အနယ်ထိုင်ပြီး ကျောက်မတည်အောင်လည်းကူညီပေးပါတယ်အဲ့ဒီအပြင်စိတ်တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ကျောက်ကပ်အတွက် နံနံပင်ရေနွေးကြမ်းဒီနံနံပင် ရေနွေးကြမ်းအတွက် တတ်နိုင်ရင် နံနံပင် အရွက်အစိမ်းကို သုံးပါ။ မရှိမှသာ အခြောက်ခံထားတဲ့ နံနံပင် ကိုသုံးပါ။

ပါဝင်ပစ္စည်းများ-နံနံပင်တစ်စည်း၊ရေ၈ခွက်၊ပျားရည်လက်ဖက်ရည်ဇွန်း ၂ဇွန်း၊သံပုရာသီးတစ်ခြမ်း။

ပြုလုပ်နည်း

နံနံပင်ကိုစင်အောင်ဆေးကြောပြီးအပိုင်းကြီးကြီးလှီးပါဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းချပါမီးဖိုပေါ်တင်ကာ၁၀မိနစ်လောက်ဆူပွက်စေပါ။ အရည်ကိုဘဲယူထားပြီး အအေးခံလိုက်ပါ။

သံပုရာသီးနဲ့ ပျားရည်ကိုထည့်ပါတစ်နေ့ကို၁ ခွက်သို့မဟုတ်၂ခွက်သောက်ပါကျန်ရှိနေတဲ့အရည်တွေကိုရေခဲသေတ္တာထဲမှာ၁ပတ်လောက်သိမ်းထားနိုင်ပါတယ်နံနံပင်မှာဘေးထွက်ဆိုးကျိုးမရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ဓမ္မတာလာပြီး ကိုယ်ဝန်ပျက်ကျနိုင်တတ်တာကြောင့် မသောက်သုံးသင့်ပါဘူး။ သွေးတိုးကျတဲ့ ဆေးဝါးတွေ သောက်သုံးနေသူတွေကလည်း မသောက်သင့်ပါဘူး။

Zawgyi ဖြင့်ဖတ်ပါ

နံနံပင်သုံးပြီး သဘာဝအတိုင်းကျောက်ကပ်ဆေးကြမယ်

Credit: myfoodmyanmar