Celebrities

ခင်ပွန်းဖြစ်သူနဲ့ ကွားရှင်းလိုက်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် ချမ်းမီမီကို

Zawgyi

ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို ဟာ အိမ်ထောင်မပြုခင်အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပါ။

အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပြီး ပရိသတ်နဲ့နှစ်ပေါင်းများစွာ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ် ။ယခုအခါမှာတော့ ချမ်းမီမီကိုဟာ အနုပညာလောကအတွင်းကို ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်ဖို့ရှိနေတယ်လို့ ပြောလာခဲ့တာပါ

ခင်ပွန်းဟောင်းအနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အချိန်ရောက်မှ ကွာရှင်းခဲ့တဲ့အပေ့ါ ချမ်းမီမီကိုက “သူက အခုချိန်မှာ သူ့အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် ခူချိန်ထိ လှူနိုင်တန်းနိုင်တဲ့ သူတစ်ယောက် ချမ်းမီကိုထောက်ပံ့ပေးနိုင်တဲ့သူတစ်ယောက်ပါ ဒါပေမယ့် ချမ်းမီကကိုယ့်အလုပ်လေးလည်းကိုယ်ပြန်လုပ်ချင်တယ် သူ့အကူအညီလည်းမယူချင်တော့ဘူးပေါ့ အဲ့ဒါနဲ့ပဲ လမ်းခွဲဖြစ်တာပါ

ချမ်းမီရဲ့ဒီရွေးချယ်မှုကို သူကလည်းလက်ခံပါတယ် ဘယ်လိုလက်ခံလဲမေးရင် သူကလည်း တရားသမား ချမ်းမီကလည်းတရားသမားဆိုတော့ တယောက်နဲ့တယောက် လည်း နားလည်သွားပြီ ဆိုတော့ ဒီဆုံးဖြတ်ချက်ကို သူ့ဘက်ကလည်း မတားပါဘူး ချမ်းမီတို့ လက်ထပ်ပြီးတဲ့အချိန်ကတည်းက မောင်နှမသံယောဇဉ်လိုပါပဲ ဒါကြောင့်လည်း ဒီလိုဆုံးဖြတ်ဖြစ်သွားတာပါ ” လို့ ပြောလာခဲ့တာပါ ပရိသတ်ကြီးရေ

ချမ်းမီမီကိုကတော့ ခင်ပွန်းဟောင်းဖြစ်သူနဲ့လမ်းခွဲဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေကို ပြောပြလာခဲ့တာပါနော် ပရိသတ်ကြီးလည်း ချမ်းမီမီကိုအတွက် အားပေးစကားလေးပြောခဲ့ကြပါအုန်းနော်credit