Celebrities

ခြေထောက်ဖြတ်တောက်ရဖို့ဖြစ်နေပေမယ့် အစစအရာရာ အဆင်ပြေသွား တဲ့ သူနဲ့ဘဝတူလူငယ်လေးအကြောင်း ဝမ်းသာစွာပြောလာတဲ့ ယုန်လေး

Zawgyi

သရုပ်ဆောင်၊ အဆိုတော် ယုန်လေးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက မိမစုံ၊ ဘမစုံနဲ့ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ယုန်လေးက သူအောင်မြင်လာခဲ့ပြီး အတိုင်းအတာတစ်ခုထိ အဆင်ပြေလာချိန်မှာတော့ သူနဲ့ဘဝတူ ချို့တဲ့သူတွေကို ကူညီချင် စိတ်အပြည့်ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေးက သူနဲ့ဘဝတူ လူငယ်လေးတစ်ယောက်ကို ကူညီပေးနိုင်ခဲ့ကြောင်း အခုလိုပဲ မျှဝေပေးလာပါတယ်။

“မနေ့က မဟာမြိုင် နဲ့ တခြား ဆေးရုံတွေ တက်ဖို့ စုံစမ်းပါတယ်။ ခြေထောက်ဖြတ်တာ ဆေးရုံ ရက်ရှည်တက်ရမှာနဲ့ ကျွန်တော် မတည်ပြီး ကောက်ထားတဲ့ ငွေလေးနဲ့မလောက်ဘူး။ စစ်ဆေး ရုံက ဖြတ်တာတွေနဲ့ ပက်သက်ရင် ပိုသင့်တော်တယ်လို့လည်း တစ်ချို့ဆရာဝန်တွေက ညွန်ပါ တယ်။

မနေ့ကလည်း စစ်ဆေးရုံနဲ့ ပက်သက်ရင် ဘယ်သူဆက်ရမှန်းမသိတော့ Fb ကလာမေး ရင်းနဲ့ပဲ တပ်မတော် နယ်လှည့်ဆေးကုအဖွဲ့နဲ့ချိတ်ပေးရင်း ဒီနေ့ စစ်ဆေးရုံမှာ တင်ခဲ့ပါပြီ။”

“ခြေထောက်ဖြတ်ဖို့ ပိုက်ဆံမရှိလို့ အကူညီတောင်းတယ်။ ခြေထောက်ကို သူကျေကျေနပ်နပ် နဲ့ ဖြတ်ဖို့သေချာပြီးသား။ အခု အရမ်းဝမ်းသာစရာကောင်းတာက ခြေထောက် ဖြတ်စရာမလိုဖို့ ၉၀ ရာခိုင်နူန်းတဲ့ဗျာ။ အရမ်းပီတိဖြစ်တယ်။

ဒီညီလေးလည်း အရမ်းပျော်နေတယ်အခု ကောက် ခံလို့ရတဲ့ငွေသိန်း ၂၀ နီးပါး ကို အိမ်လေး ပြုပြင်ပေးပြီး ပုံမှန်ဝင်လမ်းလေးရတဲ့ အလုပ်လေး တစ်ခုကို အကောင်ထည်ဖော်ပေးခဲ့ပါမယ်ခင်ဗျာ။ ကျွန်တော်လို မိဘမဲ့ လေးနောက်တစ် ယောက်ပျော်နေရှာပြီ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ယုန်လေးကတော့ သူ့ရဲ့ ကူညီမှုတစ်ခုနဲ့ အစစအရာရာ အဆင်ပြေသွားတော့မယ့် လူငယ်လေး အတွက် ထပ်တူဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးအစား ဝမ်းသာနေ ကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါ တယ်။

#credit