Celebrities

မှားယွင်းမှုတစ်ခုကို သဘောထားကြီးစွာနဲ့ နားလည်ခွင့်လွှတ်ပေးတဲ့ R ဇာနည်ကို ကျေးဇူးတင် တောင်းပန်စကားပြောလိုက်တဲ့ အနဂ္ဂနဲ့ သံသာဝင်း

Zawgyi

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းအတွက် စိတ်အားထက်သန်စွာနဲ့ လုံးပန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ “အောင်လံလွှင့်မည် NLD” သီချင်း ထွက်ရှိလာခဲ့ပြီး အဆိုတော်ပေါင်း (၄၅) ယောက် ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဆိုတော် R ဇာနည်ရဲ့ နာမည်က သီချင်း MV မှာ ကျန်ရစ်ခဲ့တဲ့အတွက် အနဂ္ဂနဲ့ သံသာဝင်း က အခုလိုပဲ တောင်းပန်စကားပြောခဲ့တာကို တွေ့ရပါတယ်။

အနဂ္ဂက “R Zarni ရဲ့ နားလည်ပေးတဲ့သဘောထားကြီးမှု ခွင့်လွှတ်ပေးမှုတို့အတွက်ကျေးဇူးပါ ?၊ ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့သလို သံသာဝင်းကလည်း “အောင်လံလွှင့်မည် NLD” သီချင်းစာတန်းထိုး

Typing ရိုက်တဲ့အချိန်မှာ ကိုRဇာနည် နာမည်လေး မတော်တဆကျန်ခဲ့ပါတယ်ရှင်?? ကို Rဇာနည်ကိုရော အားလုံးကိုတောင်းပန်ပါတယ်ရှင်..??” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လေးလေးစားစားနဲ့ ပြောလာပါတယ်။

R ဇာနည်ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းမှာ သူ့ရဲ့ နာမည်မပါတဲ့အတွက် သဘောထားကြီးစွာနဲ့ နားလည်ခွင့်လွှတ်ခဲ့သလို သံသာဝင်းနဲ့ အနဂ္ဂတို့ကလည်း သီချင်းဆို ပြန်စိစစ်ပြီး R ဇာနည် ရဲ့ နာမည်ကို ထည့်သွင်းပြီး ချက်ချင်းဆိုသလို ပြင်ဆင်ပေးခဲ့ပါတယ်။

ပရိသတ်ကြီးလည်း အခုဆိုရင် “အောင်လံလွှင့်မည် NLD” သီချင်းလေးကို နားဆင်ပြီးလောက်ပြီလို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Unicode

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းအတွက် စိတ်အားထက်သန်စွာနဲ့ လုံးပန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ “အောင်လံလွှင့်မည် NLD” သီချင်း ထွက်ရှိလာခဲ့ပြီး အဆိုတော်ပေါင်း (၄၅) ယောက် ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် အဆိုတော် R ဇာနည်ရဲ့ နာမည်က သီချင်း MV မှာ ကျန်ရစ်ခဲ့တဲ့အတွက် အနဂ္ဂနဲ့ သံသာဝင်း က အခုလိုပဲ တောင်းပန်စကားပြောခဲ့တာကို တွေ့ရပါတယ်။

အနဂ္ဂက “R Zarni ရဲ့ နားလည်ပေးတဲ့သဘောထားကြီးမှု ခွင့်လွှတ်ပေးမှုတို့အတွက်ကျေးဇူးပါ ?၊ ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့သလို သံသာဝင်းကလည်း “အောင်လံလွှင့်မည် NLD” သီချင်းစာတန်းထိုး Typing ရိုက်တဲ့အချိန်မှာ ကိုRဇာနည် နာမည်လေး မတော်တဆကျန်ခဲ့ပါတယ်ရှင်?? ကို Rဇာနည်ကိုရော အားလုံးကိုတောင်းပန်ပါတယ်ရှင်..??” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လေးလေးစားစားနဲ့ ပြောလာပါတယ်။

R ဇာနည်ကတော့ “အောင်လံလွှင့်မည် NLD” သီချင်းမှာ သူ့ရဲ့ နာမည်မပါတဲ့အတွက် သဘောထားကြီးစွာနဲ့ နားလည်ခွင့်လွှတ်ခဲ့သလို သံသာဝင်းနဲ့ အနဂ္ဂတို့ကလည်း သီချင်းဆို ပြန်စိစစ်ပြီး R ဇာနည် ရဲ့ နာမည်ကို ထည့်သွင်းပြီး ချက်ချင်းဆိုသလို ပြင်ဆင်ပေးခဲ့ပါတယ်။

ပရိသတ်ကြီးလည်း အခုဆိုရင် “အောင်လံလွှင့်မည် NLD” သီချင်းလေးကို နားဆင်ပြီးလောက်ပြီလို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။creidt