Celebrities

ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ The Voice Myanmar ပြိုင်ပွဲဝင်ခင်ရတနာစိုး

ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၁၁)ရက်နေ့လေးကတော့ The Voice Myanmar Season-3 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးရဲ့မွေးနေ့ရက်မြတ်လေးပါ။ သူကတော့ The Voice Myanmar Blind Audition Second Week မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး မြန်မာသံသီချင်းလေးနဲ့ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့သူပါ။

ငယ်ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် ဂီတနဲ့ပတ်သက်ပြီး ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေနဲ့ ကြယ်ကလေးတွေရဲ့ဂီတမိုးကောင်းကင် အစီအစဉ်မှာလည်း ဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက ပွဲတွေမှာသီချင်းလိုက်ဆိုပြီး မိခင်ဖြစ်သူကို လုပ်ကျွေးပြုစုခဲ့တဲ့ ခင်ရတနာစိုးကတော့ အဆိုသာမက၊ အက နဲ့ ဆိုင်းတီးတာမှာလည်း ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ပါ။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပေမယ့် ထိုက်သင့်သလောက် အောင်မြင်မှုမရရှိခဲ့ဘဲ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ အကောင်းဆုံးတွေထဲကတစ်ယောက်အဖြစ် ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူပါ။ ခက်ခဲကြိုးစားရုန်းကန်ရင်း ဒီလိုအခြေအနေထိ ရောက်လာခဲ့တဲ့ရောက်လာခဲ့တဲ့ခင်ရတနာစိုးတစ်ယောက် ဒီထက်မကတဲ့ အောင်မြင်မှုတွေနဲ့ ထွန်းတောက်တဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်လာပါစေလို့ မွေးနေ့လေးမှာ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Khin Yadanar SoeRainbow- Cele Gabar

#cerdit