Celebrities

စက်တင်ဘာလ (၁၀)ရက်နေ့ မနက်မှာ ပထမဆုံးသားဦးလေးကိုမွေးဖွားခဲ့တဲ့ တေးသံရှင် ပန်းအိဖြူ

တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံ သီချင်းအေးအေးလေးတွေကို အေးချမ်းတည်ငြိမ်တဲ့ အသံလေးနဲ့ သီဆိုတတ်တဲ့ မြန်မာသံ အဆိုရှင်တစ်ဦးပဲဖြစ်ပါတယ် ။ တေးသံရှင် ပန်းအိဖြူဟာ ဗိုလ်ကြီး နေဇော်ထွန်းနဲ့ အိမ်ထောင်ပြုပြီး ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။

တေးသံရှင်ပန်းအိဖြူဟာ ဒီနေ့ ကြာသပတေးနေ့ မနက် ၅:၂၇ မိနစ်မှာ ၈ပေါင်နဲ့ ၉ အောင်စရှိတဲ့ သားသားလေးကို အဆင်ပြေအောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့သိရပါတယ် ။ မိသားစုနှစ်စုပေါင်းလို့ လူဦးရေ လက်ငါးချောင်းပြည့်အောင်မရှိတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ဘဝထဲကို အရောက်လာခဲ့ပေးလို့ ဖေဖေမေမေတို့ အရမ်းပျော်နေရပါတယ် သားသားလေးရေ… ဆိုတဲ့စာသားနဲ့အတူ မိခင်ရော ကလေးပါ ကျန်းမာကြောင်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူမကို နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးကြတဲ့ ချစ်ခင်ရသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ရှိကြောင်းနဲ့ မိခင်ရော ကလေးပါ နေကောင်းကျန်းမာပြီး အစစ အရာရာ အဆင်ပြေပါတယ်လို့ မျှော်နေသူတွေအတွက် သတင်းစကားလေးလည်း ပါးထားပါသေးတယ် ။ ချစ်စရာသားသားလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့အတွက် ပန်းအိဖြူရဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေရေးပေးခဲ့ပါဦးနော် ..။

Source : Pan Ei Phyu Emily ( Cele Gabar)#Credit