Celebrities

Covid-19 ပြီးရင် ကိုကိုက စိန်ရွှေရတနာ တစ်ဆင်စာနဲ့ လာတောင်းမှာလို့ ပြောလာတဲ့ ဖြူဖြူကျော်သိန်း

အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော် ။ သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။

ဖြူဖြူက ပရိသတ်တွေကို အမြဲလိုလို စနောက်တတ်ပြီး လတ်တလောမှာလည်း ကိုဗစ်နိုင်တင်းပြီးသွား ရင်…ကိုကိုကစိန်ရွှေရတနာတစ်ဆင်စာနဲ့လာတောင်းမယ်ဆိုလို့…ကလေးလေးက အိမ်ထဲမှာတစ်ယောက်တည်းလှည့်ပတ်စိတ်ကူးယဉ်နေတယ်ကွယ် ဆိုတဲ့ စာသားလေးနဲ့အတူ တာလီ စိန်ရွှေရတနာ တာမွေဆိုင် အတွက် ရိုက်ကူးထားတဲ့ သူမရဲ့ အမိုက်စား ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ငြိမ်းကို ဖက်ရှင်တိုက်မှာ ရိုက်ကူးထားတာဖြစ်ပြီး သူမရဲ့ မိတ်ကပ်ဆံပင် ကိုတော့ ဒေးဗစ် က ပြင်ဆင်ပေးထားတာဖြစ်ပြီးအောင်ကျော်ထွန်းက အမိုက်စား ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။ ဖြူဖြူကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ကိုဗစ်ပြီး ရင် တင်တောင်းခံရတော့မယ့် အပျိုကြီးမမ ရဲ့ အမိုက်စား ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Phyu Phyu Kyaw Thein,Emily (Cele Gabar)

#credit