Celebrities

လမ်းမတော်မှာ ဂျင်းမန်ကျီးရောင်းနေတဲ့ အဖွားကို သွားရောက်လှူဒါန်းသွားမယ့် နေဒွေး

ပရိသတ်ကြီးရေ နေဒွေးကတော့ သူ့ရဲ့ပရိသတ်တွေနဲ့ စုပေါင်းပြီး သားသမီးကျောထောက်နောက်ခံမရှိ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အသက်ကြီးအဖိုးအဖွားတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေခဲ့တာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ နေဒွေးကတော့ လာမယ့် စက်တင်ဘာလ (၁၈)ရက်နေ့မှာလည်း တတိယအကြိမ်မြောက်သွားရောက်လှူဒါန်းသွားဖို့ စီစဉ်နေခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ နေဒွေးက လမ်းမတော်မြို့နယ်၊ ညောင်လေးပင် ဈေးမီးပွိုင့်ထိပ် မှာ ဂျင်းမန်ကျီးရောင်းနေတဲ့ အဖွားဆီကို သွားရောက်လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။ အခုလို Covid ကာလ ရောဂါပျံ့ပွားနေချိန်မှာ အဖိုးအဖွားတွေ စားသောက်နေရေးအခက်အခဲနဲ့ ပိုမိုကြုံတွေနေ့မှာမို့ တတ်နိုင်သလောက် လှူဒါန်းပေးသွားမျာဖြစ်ပြီး အလှူသွားရောက်ပြုလုပ်တဲ့ အခါမှာလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီသွားရောက်လှူဒါန်းမှာပါတဲ့။


#credit