Celebrities

(၂၄)နှစ်တိုင်တိုင် ခြေထောက် ဝေဒနာခံစားနေရတဲ့ ညီလေးကို ကူညီပေးသွားမယ့် ယုန်လေး

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကတော့ အခုနောက်ပိုင်းမှာ အကူအညီလိုအပ်နေတဲ့သူတွေကို လိုက်လံကူညီနေခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။လတ်တလောမှာလည်း ယုန်လေးက ခြေထောက် မဖြတ်လို့မရတော့တဲ့ ညီလေးတစ်ယောက်ကို ကူညီသွားဖို့ စီစဉ်နေခဲ့ပါတယ်။

ဒီတစ်ယောက်ကတော့ ဒလမြို့၊ ရာဇသင်္ကြန်(၇) ရပ်ကွက်၊ကနောင်လမ်းသွယ်မှာနေထိုင်တဲ့ အသက်(၂၄)နှစ်ရှိနေပြီဖြစ်ပြီး ငယ်ငယ်လေးထဲကဆော့ကစားရင်း ပုလင်းကွဲရှရာကနေ ပိုးဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ငွေကြေးမတတ်နိုင်လို့ ဆေးမကုသနိုင်ခဲ့တာကြောင် အခုခြေထောက်ကဖြတ်ရမယ့်အနေအထားကိုရောက်ရှိနေခဲ့ပြီး ဆေးရုံးတက်ဖို့တောင် စရိတ်မရှိဖြစ်နေခဲ့တာကို ယုန်လေးကတတ်နိုင်သလောက်ကူညီပေးသွားမှာပဲဖြစ်ပါတယ်။

ယုန်လေးလည်း ကိုယ်တိုင်က အဆင်ပြေနေလွန်းတာမဟုတ်ပေမဲ့ သူ့ထက်အဆင်မပြေဖြစ်နေတဲ့သူတွေကိုတွေ့တော့ ကိုယ်ချင်းစာတာကြောင့် ကူညီနေတာပါတဲ့။ CeleZone ပရိသတ်ကြီးရေ ယုန်လေးကတော့ သူ့ရဲ့ လှူဒါန်းမှုမှာ ပရိသတ်တွေလည်း တတ်နိုင်သလောက်ပါဝင်ကူညီပေးဖို့ကိုလညိး တောင်းဆိုထားပါသေးတယ်။

#credit