Celebrities

ရခိုင်ပြည်နယ်က ခက်ခဲနေတဲ့အိမ်ထောင်စုအတွက် မွေးနေ့အလှူ(၁၀)သိန်းလှူဒါန်းပေးခဲ့တဲ့ နေတိုး

မနေ့က စက်တင်ဘာ(၉)ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်နေတိုးရဲ့မွေးနေ့လေးပါ။ ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ သူ့ရဲ့မွေးနေ့အတွက် ရခိုင်ပြည်နယ်က အခြေခံလူတန်းစားအိမ်ထောင်စုတွေအတွက် အလှူလေးကို ရန်ကုန်မြို့ တာမွေမှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော်ထံမှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အခြေခံစားသောက်ကုန်၊ ဆေးနဲ့ အိမ်သုံးပစ္စည်းစုံ(၁၈)မျိုးပါဝင်တဲ့ တစ်ဘူး(၂၅၀၀၀)ကျန်တန် အလှူပုံးများကို ကိုဗစ်ကာလအတွင်း ခက်ခဲနေတဲ့ ရခိုင်ပြည်နယ်က အိမ်ထောင်စု(၃၉) စုစာအတွက် စုစုပေါင်း(၁၀)သိန်းတိတိကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

နေတိုးကတော့ မကြာသေးခင်မှ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် တဲအိမ်(၁၅)လုံး ငွေကျပ်သိန်း(၂၀) ကျော်ကို လှူဒါန်းပေးခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ခက်ခဲနေတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေ ထောက်ပံ့ကူညီရေးမှာလည်း သိန်း(၁၀၀)ရာ တိတိလှူဒါန်းပေးခဲ့သူပါ။ ကိုဗစ်ကာလစတင်ကတည်း က လိုအပ်တဲ့နေရာတိုင်းကို ထောက်ပံ့ကူညီနေတဲ့ နေတိုးကတော့ မနေ့ကသူ့ရဲ့မွေးနေ့လေးမှာလည်း ရခိုင်ပြည်နယ်က ခက်ခဲနေတဲ့အိမ်ထောင်စုတွေအတွက် ဆယ်သိန်းလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Nay Toe
Rainbow- Cele Gabar

#credit