Celebrities

ဟိုတယ်မှာ Qဝင်နေတဲ့သူငယ်ချင်းနဲ့အတူ Lock Down ချတဲ့အကြောင်းကို အခွီရိုက်ကူးထားတဲ့ ကိုပေါက်

ဇာတ်ပို့ဇာတ်ရံ၊ ဒါရိုက်တာတစ်ယောက်ဖြစ်သူ ကိုပေါက်ကတော့ ဟာသပညာမှာလည်း မခေသူတစ်ယောက်ပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားလာကတည်းက ပရိသတ်တွေဘဝအမောပြေစေဖို့အတွက် ဟာသဗွီဒီယိုလေးတွေရိုက်ကူးလာခဲ့တာ အခုဆိုရင် တော်တော်များများရှိနေပြီဖြစ်သလို အားပေးသူပရိသတ်လည်း အခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မြန်မာနိုင်ငံမှာ ဒုတိယအကျော့ပြန်လည်စတင်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ရောဂါပိုးတွေ့ရှိသူနေထိုင်တဲ့ လမ်းတွေ၊ တိုက်တွေ ကို Lock Down ချထားတာ၊ Stay Home နေထိုင်ခိုင်းတာတွေကို ဟာသဖောက်ပြီး ရိုက်ကူးထားပါတယ်။ ဒီဗွီဒီယိုလေးကို ရိုက်ကူးရာမှာတော့ ဟိုတယ်မှာ Q ဝင်နေတဲ့သူငယ်ချင်းကိုပါ ပျင်းနေမှာစိုးလို့ အလုပ်လှမ်းပေးပြီး သရုပ်ဆောင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြို့နယ်တော်တော်များများကို Stay Home နေထိုင်ဖို့ အမိန့်ချထားပေမယ့် မဖြစ်မနေသွားရမယ့်သူတွေကတော့ အပြင်ထွက်ခွင့်ရှိတာမို့ အပြင်မှာ လူဦးရေထင်သလောက် မလျော့တာကိုလည်း တွေ့မြင်ရမှာပါ။ ကိုယ်ကိုယ်တိုင် အကြောက်တရားနဲ့ကာကွယ်ကြမှ ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်မှာမို့ ပရိသတ်ကြီးလည်း တတ်နိုင်သမျှအပြင်မထွက်ကြဖို့ တိုက်တွန်းရင်း ကိုပေါက်ရဲ့ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Lock Down ချတယ်ဆိုတာ ?????❤️❤️❤️Story Credit : Original Post ကိုအခွခေံ၍ ခံစား ဝတ်မှုံကူးသည်။ ;ဟိုတယ်တွင် Q.ဝင်နေသောသူငယ်ချင်း အား ပျင်းနေမှာစိုးလို့ အလုပ်လှမ်းပေး သရုပ်ဆောင်ခိုင်းထားသည်။??

Posted by Ko Pauk on Wednesday, 9 September 2020

#credit