Celebrities

Covid ဆေးစစ်ချက်အဖြေကို ပရိသတ်တွေသိအောင် အသိပေးလိုက်တဲ့ နိုင်နိုင်

ပရိသတ်ကြီးရေ လတ်တလော Covid-19 ရောဂါပိုးတွေ ပျံ့နှံ့နေတဲ့အတွက် နိုင်ငံခြားက ပြန်လာတဲ့ လူတွေအားလုံးကို Quarantine (၂၁) ရက် သို့မဟုတ် (၁၄) ရက် ဝင်စေပြီးမှသာ မိမိနေအိမ်ကို ပြန်ခွင့်ပြုနေတာပဲဖြစ်ပါတယ် ။ ပရိသတ်အချစ်တော် သရုပ်ဆောင်နိုင်နိုင်း လည်း အများနည်းတူ Quarantine ဝင်နေရတာ ဒီနေ့နဲ့ဆို (၉) ရက်မြောက်နေ့ရှိပြီဖြစ်ပါတယ် ။ ဒီနေ့မှာတော့ Covid ဆေးစစ်ချက်အဖြေထွက်ရှိလာပြီး Negativeဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ ကိုယ်ကျိုးကို မငဲ့ပဲ အများအကျိုးသယ်ပိုးနေသော ကျန်းမာရေး ဝန်ထမ်းများကိုအထူးကျေးဇူးတင်ပါကြောင်း၊ ကျွန်တော့်ကို လိုလေသေးမရှိ အစစ အရာရာ ကူညီပေးကြသော INYA LAKE HOTEL မှ Front office Team ကို အထူးကျေးဇူးတင်ပါတယ်။ ချစ်သောပရိသတ်များလည်း Covid ရောဂါ ကင်းဝေးကြပါစေ ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ ဆေးစစ်ချက်အဖြေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ချစ်ရတဲ့ ပရိသတ်ကြီးအတွက် နိုင်နိုင်းက ဘယ်သွားသွား ဘာလုပ်လုပ် MASK ကိုတပ်ပြီး လက်အိတ်လေးတော့စွတ်သွားကြပါ။ လက်ကို စင်အောင်ဆေးပါ လို့လည်း အသိပေးနှိုးဆော်ထားပါသေးတယ် ။ နိုင်နိုင်းကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ဆေးစစ်ချက်အဖြေအတွက်ဝမ်းသာနေကြမယ်ထင်ပါတယ်နော် ။Source : Actor 99
Emily (Cele Gabar)