Celebrities

မိန်းကလေးတိုင်းရဲ့အသည်းနှလုံးကို ဆွဲငင်ဆောင်ယူသွားနိုင်တဲ့ မင်းသွေးခန့်ရဲ့အမိုက်စားဗွီဒီယိုလေး

မင်းသွေးခန့်ကတော့ မြန်မာနိုင်ငံက ဆယ်ကျော်သက်မိန်းကလေးတော်တော်များများရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူပါ။ ဆွဲဆောင်မှုရှိတဲ့မျက်လုံး၊ ပြုံးလိုက်တိုင်းချစ်ဖို့ကောင်းနေတဲ့ သွားတက်လေးတွေ၊ နှုတ်ခမ်းပါးလေးတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ချိုလွင်တဲ့စကားပြောဟန်တွေနဲ့တွေလည်း ပရိသတ်အချစ်ကို သိမ်းပိုက်နိုင်သူပါ။

အနုပညာလောကကို စတင်ဝင်ရောက်စဉ်က လူသိများသူတစ်ယောက်မဟုတ်ခဲ့ပေမယ့် အခုဆိုရင်တော့ အနုပညာအလုပ်တွေခပ်စိတ်စိတ်လုပ်ကိုင်လာရသလို အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေနိုင်ပြီဖြစ်တဲ့ ငွေကြယ်ပွင့်တစ်ပွင့်လို့ဆိုရမှာပါ။ နေ့တိုင်းလိုလို အားပေးနေတဲ့ပရိသတ်တွေအတွက် အမိုက်စားပုံရိပ်တွေကို မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာတော့ ဗွီဒီယိုလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ်။

ဒီဗွီဒီယိုလေးကတော့ စက္ကန့်သုံးဆယ်တောင်မပြည့်တဲ့ဗွီဒီယိုလေးတစ်ခုပေမယ့် ကြည့်မိတဲ့သူတိုင်းကို ကြွေသွားစေမှာ အမှန်ပါ။ ဆွဲဆောင်မှုရှိတဲ့အမိုက်စားဟန်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီဗွီဒီယိုလေးကို တင်လိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲ မင်းသွေးခန့်ရဲ့ Raspberry လေးတွေကတော့ တစ်ခဲနက်ဝန်းရံခဲ့ကြပါတယ်။ မိန်းကလေးတိုင်းအသည်းကို ကိုင်လှုပ်နိုင်လောက်တဲ့ မင်းသွေးခန့်ရဲ့အမိုက်စားဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

???? ??? ?? ????????? ??? ???? ??? ????? ?? ?? ??? ??????? . . . ? : Kina Alpha

Posted by Min Thway Khant on Tuesday, 8 September 2020