Celebrities

အနီရောင်ကိုကြိုက်လွန်းလို့ ကားရောလူပါ ရဲရဲတောက်ဆင်မြန်းခဲ့တဲ့ စမိုင်းလ်

ကိုယ်အလေးချိန်တွေအများကြီးလျော့ချပြီးနောက်ပိုင်း လှလွန်းတဲ့ကောက်ကြောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ စမိုင်းလ်တစ်ယောက် အနီရဲရဲဝတ်စုံကိုဆင်မြန်းပြီး လှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ မြင်လိုက်တာနဲ့ ထင်းခနဲ ပေါ်လွင်စေတဲ့ အနီရောင်ဝတ်စုံဟာ သူမရဲ့ကိုယ်ပေါ်မှာ လှလှပပနေရာယူခဲ့ပါတယ်။

အလှူအတန်းတွေလည်း မကြာခဏလုပ်တတ်ပြီး လိုအပ်တဲ့နေရာတိုင်းအတွက် လက်မနှေး တတ်တဲ့ စေတနာရှင်မလေးဟာ ကိုယ်တိုင် ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ အမြဲတမ်းကောင်းကျိုး ပြုတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သမီးလေးတွေကိုလည်း ဘုရားတရား ကိုင်းရှိုင်း တတ်အောင် သေချာပျိုးထောင်ပေးခဲ့ပါသေးတယ်။

သူမရဲ့လှလွန်းတဲ့ရဲရဲတောက်ပုံရိပ်တွေကို ” အရောင်ထဲမှာကိုယ်အကြိုက်ဆုံးအရောင်က အနီရောင်ပဲ အမြဲလိုလိုဝတ်ဖြစ်တယ် နောင်လည်းအမြဲဆက်ဝတ်နေအုန်းမယ့်အရောင် ” ဆိုပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားအနီရောင်ကားကြီးနဲ့ လှလွန်းတဲ့ အနီရောင်မင်းသမီးလေးရဲ့ ပုံရိပ်တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အနီရောင်ကိုကြိုက်လွန်းလို့ ကားရောလူပါ ရဲရဲတောက်ဆင်မြန်းခဲ့တဲ့ စမိုင်းလ်

ကိုယ်အလေးချိန်တွေအများကြီးလျော့ချပြီးနောက်ပိုင်း လှလွန်းတဲ့ကောက်ကြောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ စမိုင်းလ်တစ် ယောက် အနီရဲရဲဝတ်စုံကိုဆင်မြန်းပြီး လှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ မြင်လိုက်တာနဲ့ ထင်းခနဲပေါ်လွင်စေတဲ့ အနီရောင်ဝတ်စုံဟာ သူမရဲ့ကိုယ်ပေါ်မှာ လှလှပပနေရာယူခဲ့ပါတယ်။

အလှူအတန်းတွေလည်း မကြာခဏလုပ်တတ်ပြီး လိုအပ်တဲ့နေရာတိုင်းအတွက် လက်မနှေး တတ်တဲ့ စေတနာရှင်မလေးဟာ ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ အမြဲတမ်းကောင်းကျိုး ပြုတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သမီးလေးတွေ ကိုလည်း ဘုရားတရားကိုင်းရှိုင်း တတ်အောင် သေချာပျိုးထောင်ပေးခဲ့ပါသေးတယ်။

သူမရဲ့လှလွန်းတဲ့ရဲရဲတောက်ပုံရိပ်တွေကို ” အရောင်ထဲမှာကိုယ်အကြိုက်ဆုံးအရောင်က အနီရောင်ပဲ အမြဲလိုလိုဝတ်ဖြစ်တယ် နောင်လည်း အမြဲဆက်ဝတ်နေအုန်းမယ့်အရောင် ” ဆိုပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားအနီရောင်ကားကြီးနဲ့ လှလွန်းတဲ့ အနီရောင်မင်း သမီးလေးရဲ့ ပုံရိပ်တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။credit