Celebrities

ဖေဖေနဲ့မေမေတို့ရဲ့ တစ်ဖန်ပြန်လည်ပေါင်းဆုံမှုကြောင့် ကြည်နူးမဆုံးဖြစ်နေရတဲ့ နွေးနွေးချစ်ဖွယ်

Broken Family မှာ ကြီးပျင်းခဲ့ရတဲ့သားသမီးတွေအတွက် အမျှော်လင့်ဆုံးက ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်ဖို့ပါပဲ။ မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအတွက် တော့ အကောင်းဆုံးနိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ ချစ်ခြင်းတရားတွေ ထုံမွှန်းနေတဲ့ အိမ်လေးဟာ မိသားစုတွေအတွက်တော့ သုခရိပ်မြုံလေးတစ်ခုပါပဲ။

နွေးနွေးချစ်ဖွယ်ဟာလည်း သူမ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့ မိခင်နဲ့ဖခင်ကို အမြန်ဆုံး ပြန်ပေါင်းထုတ်စေချင်တာကြောင့် အမျိုးမျိုးအောင်သွယ်ပေးခဲ့ပါတယ်။ မိဘနှစ်ပါး နဲ့ အတူတူဆုံပြီးဓာတ်ပုံရိုက်ခဲ့တဲ့ အခိုက်အတန့်ဟာ သူမအတွက်တော့ အတော်လေးကိုရှားပါးခဲ့ ပါတယ်။ ဒီနေ့မှာတော့ ဖေဖေ မေမေတို့နဲ့အတူတူ ဓာတ်ပုံရိုက်ခွင့်ရလို့ နွေးကအရမ်းကိုပျော်နေခဲ့တာပါ။

မိသားစုပုံလေးကို ” အပျော်ဆုံးထဲကနေ့တနေ့ မေမေရယ် ဖေဖေရယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဒီနောက်မှာလည်း ဝမ်းသာကြောင်း မှတ်ချက်ပေးတဲ့သူတွေကို ” နွေးနဲ့အတူ ထပ်တူပျော်ပေး ကြည်နူးပေးကြတဲ့ အယောက်စီတိုင်းကို ရင်ထဲအမြဲသိမ်းထားပါ့မယ် ” ” အရမ်းပျော်နေတာ မျက်ရည်မကျအောင်မနည်းထိန်းထားရတယ် အားလုံးထပ်တူဝမ်းသာပေးလို့ နွေးအရမ်း ပျော်တယ် ” ဆိုပြီး ရင်ထဲကပီတိစကားလေးတွေနဲ့ ခွန်းတုန့်ပြန်ခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်လည်ပေါင်းဆုံနိုင်ပါစေနော်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဖေဖေနဲ့မေမေတို့ရဲ့ တစ်ဖန်ပြန်လည်ပေါင်းဆုံမှုကြောင့် ကြည်နူးမဆုံးဖြစ်နေရတဲ့ နွေးနွေးချစ်ဖွယ်

Broken Family မှာ ကြီးပျင်းခဲ့ရတဲ့သားသမီးတွေအတွက် အမျှော်လင့်ဆုံးက ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်ဖို့ ပါပဲ။ မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအတွက် တော့ အကောင်းဆုံးနိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ ချစ်ခြင်း တရားတွေ ထုံမွှန်းနေတဲ့ အိမ်လေးဟာ မိသားစုတွေအတွက်တော့ သုခရိပ်မြုံလေးတစ်ခုပါပဲ။

နွေးနွေးချစ်ဖွယ်ဟာလည်း သူမ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့ မိခင်နဲ့ဖခင်ကို အမြန်ဆုံး ပြန်ပေါင်းထုတ်စေချင်တာ ကြောင့် အမျိုးမျိုးအောင်သွယ်ပေးခဲ့ပါတယ်။ မိဘနှစ်ပါး နဲ့ အတူတူဆုံပြီးဓာတ်ပုံရိုက်ခဲ့တဲ့ အခိုက်အတန့်ဟာ သူမအတွက်တော့ အတော်လေးကိုရှားပါးခဲ့ ပါတယ်။ ဒီနေ့မှာတော့ ဖေဖေ မေမေတို့နဲ့အတူတူ ဓာတ်ပုံရိုက်ခွင့်ရလို့ နွေးကအရမ်း ကိုပျော်နေ ခဲ့တာပါ။

မိသားစုပုံလေးကို ” အပျော်ဆုံးထဲကနေ့တနေ့ မေမေရယ် ဖေဖေရယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဒီနောက်မှာလည်း ဝမ်းသာ ကြောင်း မှတ်ချက်ပေးတဲ့သူတွေကို ” နွေးနဲ့အတူ ထပ်တူပျော်ပေး ကြည်နူးပေးကြတဲ့ အယောက်စီတိုင်းကို ရင်ထဲအမြဲသိမ်းထားပါ့မယ် ” ” အရမ်းပျော်နေတာ မျက်ရည်မကျအောင်မနည်းထိန်းထားရတယ် အားလုံးထပ်တူဝမ်းသာပေးလို့ နွေးအရမ်း ပျော်တယ် ” ဆိုပြီး ရင်ထဲကပီတိစကားလေးတွေနဲ့ ခွန်းတုန့်ပြန်ခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်လည်ပေါင်း ဆုံနိုင်ပါစေနော်။credit