Celebrities

ရယူလိုစိတ်ဘာတစ်ခုမှမထားဘဲ သီလလုံစွာပေးဆပ်ကြတာဟာ ပရဟိတစိတ်ဓာတ်ပါဆိုတဲ့ ကျော်သူ

လူတွေရဲ့နောက်ဆုံးခရီးစဉ်တိုင်းကို အဆင်ပြေစေဖို့ရည်ရွယ်ဖို့ နာရေးကူညီမှုအသင်း တည်ထောင်ခဲ့တဲ့ သရုပ်ဆောင်ဦးကျော်သူ တစ်ယောက် ပရဟိတလုပ်နေတဲ့ သူ့ရဲ့ စိတ်ရင်း သဘောကိုအားလုံးသိအောင်ပြောပြခဲ့ပါတယ်။ ကုသိုလ်လိုချင်လို့လုပ်တယ်ဆိုတာထက် ဘာအကျိုးရလာဒ်တစ်ခုကိုမှ မမျှော်ကိုးဘဲ စေတနာသန့်သန့်နဲ့ တစ်ပါးသူအဆင်ပြေအောင် ကူညီပေးတာဟာ ပရဟိတစစ်စစ်ပါပဲ။

ဒီအကြောင်းလေးကို ” လက်တွေ့ဘဝမှာ စိတ်ထားပုံ တရားအသိရရှိခဲ့ခြင်း။ ငါတို့က တက်တက်ကြွကြွ ဘဝကူးသွားသူတွေရဲ့ ရုပ်ခန္ဓာ တွေကို ပြင်ဆင်၊ သယ်ယူ၊ ပို့ဆောင်သင်္ဂြိုလ်မှု ကိုပြုလုပ်ပေးပြီး ကုသိုလ်တွေရယူကြပြီး ကျန်ရစ်သူ မိသားစုက ကြေကွဲ၊ ဝမ်းနည်း၊ ပဋာမြေလူးကျန်ရစ်ခဲ့ကြ။ ဒါဟာ လွဲမှားနေပြီလား? ဟုတွေးမိတော့သည်။ ဒီအတွေးမျိုးက မှားနေတာကတော့အသေအချာ။ ဒီလို စိတ်မျိုးထားတာက လွဲနေပြီ။ ”

” ငါတို့က ကုသိုလ်ရယူလိုမှုနဲ့ ပေးဆပ်နေကြတာမှ မဟုတ်ဘဲ။ ရယူလိုမှုတစ်ခုမှမရှိဘဲ ဖေးမကူညီပေးဆပ်ကြဖို့ကအဓိကပါ။ ဒါ့ကြောင့် အသန့်ရှင်းဆုံး၊အတ္တမပါဘဲ၊ အဖြူစင်ဆုံး၊ အကြည်လင်ဆုံး၊ အေးမြမှုများနဲ့သာ ပေးဆပ်ကြရင်းဖြင့် ထိုထိုသော လိပ်ပြာလုံသည့် ပေးဆပ် ကူညီဖေးမပေးခဲ့မှုများအား နေ့စဉ်သစ္စာဆို၍ မေတ္တာဓါတ်များပို့သကာ အမျှပေးဝေကြပါစို့။ သို့မှသာ ဘဝကူးသူကော၊ ကျန်ရစ်သူကော၊ပေးဆပ်သူကောအားလုံးအတွက် မွန်မြတ်သန့်စင်မှု ကိုဖြစ်စေတော့မည်။ မည်သည့်ရလိုမှုတစ်ခုမျှမရှိဘဲ သီလလုံစွာပေးဆပ်ကြပါစို့။ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပြခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရယူလိုစိတ်ဘာတစ်ခုမှမထားဘဲ သီလလုံစွာပေးဆပ်ကြတာဟာ ပရဟိတစိတ်ဓာတ်ပါဆိုတဲ့ ကျော်သူ

လူတွေရဲ့နောက်ဆုံးခရီးစဉ်တိုင်းကို အဆင်ပြေစေဖို့ရည်ရွယ်ဖို့ နာရေးကူညီမှုအသင်း တည်ထောင်ခဲ့တဲ့ သရုပ်ဆောင်ဦး ကျော်သူတစ်ယောက် ပရဟိတလုပ်နေတဲ့ သူ့ရဲ့ စိတ်ရင်း သဘောကိုအားလုံးသိအောင်ပြောပြခဲ့ပါတယ်။ ကုသိုလ်လိုချင်လို့ လုပ်တယ်ဆိုတာထက် ဘာအကျိုးရလာဒ်တစ်ခုကိုမှ မမျှော်ကိုးဘဲ စေတနာသန့်သန့်နဲ့ တစ်ပါးသူအဆင်ပြေအောင် ကူညီပေးတာဟာ ပရဟိတစစ်စစ်ပါပဲ။

ဒီအကြောင်းလေးကို ” လက်တွေ့ဘဝမှာ စိတ်ထားပုံ တရားအသိရရှိခဲ့ခြင်း။ ငါတို့က တက်တက်ကြွကြွ ဘဝကူးသွားသူ တွေရဲ့ရုပ်ခန္ဓာတွေကို ပြင်ဆင်၊ သယ်ယူ၊ ပို့ဆောင်သင်္ဂြိုလ်မှု ကိုပြုလုပ်ပေးပြီး ကုသိုလ်တွေရယူကြပြီး ကျန်ရစ်သူ မိသားစုက ကြေကွဲ၊ ဝမ်းနည်း၊ ပဋာမြေလူးကျန်ရစ်ခဲ့ကြ။ ဒါဟာ လွဲမှားနေပြီလား? ဟုတွေးမိတော့သည်။ ဒီအတွေးမျိုးက မှားနေတာကတော့အသေအချာ။ ဒီလို စိတ်မျိုးထားတာက လွဲနေပြီ။ ”

” ငါတို့က ကုသိုလ်ရယူလိုမှုနဲ့ ပေးဆပ်နေကြတာမှ မဟုတ်ဘဲ။ ရယူလိုမှုတစ်ခုမှမရှိဘဲ ဖေးမကူညီပေးဆပ်ကြဖို့ကအဓိကပါ။ ဒါ့ကြောင့် အသန့်ရှင်းဆုံး၊အတ္တမပါဘဲ၊ အဖြူစင်ဆုံး၊ အကြည်လင်ဆုံး၊ အေးမြမှုများနဲ့သာ ပေးဆပ်ကြရင်းဖြင့် ထိုထိုသော လိပ်ပြာလုံသည့်ပေးဆပ် ကူညီဖေးမပေးခဲ့မှုများအား နေ့စဉ်သစ္စာဆို၍ မေတ္တာဓါတ်များပို့သကာ အမျှပေးဝေကြပါစို့။
သို့မှသာ ဘဝကူးသူကော၊ကျန်ရစ်သူကော၊ပေးဆပ်သူကောအားလုံးအတွက် မွန်မြတ်သန့်စင်မှု ကိုဖြစ်စေတော့မည်။ မည်သည့်ရလို မှုတစ်ခုမျှမရှိဘဲ သီလလုံစွာပေးဆပ်ကြပါစို့။ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပြခဲ့ပါတယ်။credit