Knowledge

ခရီးသွားကြတဲ့အခါ မှောင်လာရင်ကားပေါ်မှာ ကင်မရာ တွေနဲ့ ဟိုရိုက်၊ ဒီရိုက်မလုပ်မိကြပါစေနဲ့

ဒီအကြောင်းကို ဖြစ်ဖြစ်ချင်းရေးချင်ပေမယ့် တချို့က ကိုယ်Celeဖြစ်ချင်လို့ရေးတယ် ထင်ကြလိမ့်မယ်။ ကိုယ်တိုင်ကလည်း ကိုယ့်Wallမှာ ဟာသတွေကလွဲရင် ဘာမှမတင်ချင်တာကြောင့် မရေးတင်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သတိထားစရာလေးတွေရှိလို့ သတိပေးအနေနဲ့ ပြန်မျှဝေလိုက်တာပါ။ ကိုယ်က တကယ်ကြုံခဲ့ရတဲ့သူဆိုပေမယ့် အများတွေမနစ်နာရအောင် မြို့နာမည်တွေတော့ ထည့်မရေးတော့ပါဘူး။

စိတ်ပြေလက်ပျောက်ဖြစ်အောင် အလုပ်လေးတွေထားခဲ့ပြီး ကျောင်းတုန်းကသူငယ်ချင်းနဲ့ အထက်မြန်မာပြည် ခရီးထွက်ဖို့ပြင်ဆင်လိုက်တယ်။ ရန်ကုန်ကနေ စထွက်ပြီး မြို့တမြို့မှာ တညတည်းကြတဲ့အချိန်ထိ ဘာပြဿနာမှ မရှိသေးဘူး။ မနက်လင်း ခရီးဆက်ထွက်ပြီး ဘော်ဒါက ကားမှာကင်မရာတပ်ဖို့ပြောတော့ ကားမောင်းတဲ့ကောင်လေးက သူ့သူငယ်ချင်းကားမှာကင်မရာတပ်ထားတာ တခါတခါ မကောင်းဆိုးဝါးတွေတွေ့တဲ့အတွက် သူကြောက်လို့ မတက်ဖို့တားတယ်။ အဲ့ချိန်မှာဘဲ ကိုယ်က ညဘက်ကျရင် ဖုန်းကင်မရာနဲ့ စမ်းကြည့်ဖို့ အကြံရသွားတယ်။ နာမည်ကြီးဘုရား၁ဆူကို ဝင်ဖူးပြီး အပြန်အိမ်အတွက်လက်ဆောင်ဝင်ဝယ်တယ်။ ဆိုင်ရှင်မိသားစုနဲ့ စကားဆက်မိတော့ ကိုယ်တွေဆက်သွားရမယ့်တောလမ်းက သတိထားစရာ၁ခုရှိလို့ တချို့ကုန်ကားတွေကလွဲပြီး ဘယ်ဘုရားဖူးကားမှ မဖြတ်ရဲကြကြောင်းပြောပြတယ်။

ကိုယ်တွေကလည်း ဝင်စရာရှိတော့ အဲ့လမ်းကဘဲအဆင်ပြေမှာမို့ မထူးဘူးဆိုပြီး ထွက်လာကြတယ်။ တဖြည်းဖြည်းနဲ့ အဲ့နေရာနားရောက်တော့ အတော်မှောင်နေပြီ။ ဘေးဘယ်မှာလည်း တောင်ကုန်းတွေနဲ့ ကွင်းပြင်တွေဘဲရှိတယ်။ ကိုယ်လည်းဖုန်ကင်မရာနဲ့ လိုက်ရိုက်တော့ ကားမောင်းတဲ့ကောင်လေးက သူကြောက်လို့ မရိုက်ဖို့တောင်းပန်တယ်။ အေးပါကွာဆိုပြီး ပြန်ပိတ်ထားလိုက်တယ်။ ကိုယ်တွေရှေ့မှာ ၁၂ဘီးကားတစ်စီးတော့ရှိတယ်။ တနေရာရောက်တော့ လမ်းကအဖြူး၊ ဘာမှလည်းမရှိဘဲနဲ့ အဲ့ကားက မောင်းနေရာကနေ အတင်းကွေ့ရှောင်သွားတယ်။ သူ့နောက်ကနေ ကိုယ်တွေက အကုန်မြင်နေရတော့ ၁ယောက်နဲ့၁ယောက်ပြန်ကြည့်ပြီး ဟုတ်တော့ဟုတ်နေပြီလို့ တွေးနေကြတယ်။

ခဏကြာတော့ ကိုယ်တွေကားက အကောင်းကြီးကနေ အပူချိန်က အမြှင့်ဆုံးပြနေတယ်။ ဒါနဲ့ခဏနားနေလိုက်တယ်။ နာရီဝက်လောက်ကြာလို့ ကားကိုစက်ပြန်နိုးကြည့်တော့လည်း လုံးဝအပူချိန်က မကျသွားဘူး။ မထူးဘူးဆိုပြီး ဆက်မောင်းလာတယ်။ ဘော်ဒါကတော့ ကားပေါ်မှာ အိပ်နေပြီ။ ကားမောင်းတဲ့ကောင်လေးမသိအောင် ဖုန်းကင်မရာနဲ့ ပတ်ဝန်းကျင်ကို ဗီဒီရို ခိုးရိုက်ထားလိုက်တယ်။ ခဏကြာတော့ ဘာများထူးမလဲဆိုပြီး ဖုန်းကိုကြည့်လိုက်တော့။ ဟ၊ဘာကြီးလဲဟ။ အရိပ်လိုလို၊ အကောင်လိုလိုနဲ့ ဖုန်းကင်မရာထဲမှာတွေ့လိုက်တယ်။ ကြက်သီးတွေတောင် ချက်ချင်းထသွားတယ်။ ငါမျက်စိမှားနေလို့ဖြစ်မယ်ဆိုပြီး ခဏကြာ ထပ်ကြည့်တော့မှ ထင်ထင်ရှားရှားဘဲ။ မျက်တောက်နီကြီးနဲ့။ ချက်ချင်းဖုန်းကို ပြန်ပိတ်လိုက်ပြီး ဗီဒီရိုကို Saveထားလိုက်တယ်။ သူတို့ကိုပြောပြရင်လည်း ကြောက်ပြီး ခရီးမတွင်တော့မှာစိုးလို့ မပြောဘူး။ မြို့ထဲရောက်တော့ အသိဘုန်းကြီးကျောင်းမှာ တည်းကြရင်း ဘုန်းကြီးကျောင်းသားကို အဲ့အကြောင်းတွေပြောပြတော့ အဲ့နေရာက အရမ်းခြောက်တာတဲ့၊ အဲ့နေရာမှာ လူကြီးတယောက်ကားတိုက်ခံရပြီး ဆုံးသွားတာတဲ့။ တခါတလေ ကားပေါ်ထိ ပါလာတယ်လို့လည်း ပြောသံတွေကြားဖူးတယ်တဲ့။

သူ့အကြောင်းသိချင်ရင် သူမသေခင်က သူနဲ့ရင်းနှီးတဲ့သူတယောက်ရှိတယ်တဲ့။ ညဘက်ကျတော့ အကြောင်းသိတဲ့သူက ကျောင်းကိုခေါ်ထားလို့ရောက်လာတယ်။ ကျောင်းဝန်းထဲက ကွပ်ပျစ်လေးမှာထိုင်ကြပြီး သူ့ကိုဗီဒီရိုပြကြည့်တော့ သေချာတယ်တဲ့၊ အဲ့နေရာဘဲတဲ့။ သူကအရမ်းအနောက်သန်တာတဲ့။ ခုရိုက်ထားတဲ့ဗီဒီရိုထဲမှာ ကျနော်တို့လည်း မကောင်းဆိုးဝါးကို တွေ့လိုက်တယ်တဲ့။ ဒါပေမယ့် ဆုံးသွားတဲ့ကောင်က ဒီပုံစံမဟုတ်ဘူးတဲ့။ ဟာ။ ဆိုးပြီ။ ကိုယ်တွေမသိနိုင်သေးတဲ့ တခြားဘာအကြောင်းတွေများထပ်ရှိနေအုံးမလဲလို့ ဝိုင်းစဉ်းစားကြတယ်။ မရှက်တမ်းဝင်ခံရရင် ကိုယ်လည်း တွေ့ပြီးကတည်းက အဲ့ဗီဒီရိုကို မကြည့်ရဲတော့လို့ မကြည့်တော့ဘူး။ သူတို့လည်း ဝိုင်းစဉ်းစားပေးကြပေမယ့် နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်တိုင်ပြန်ကြည့်တယ်။ တကယ့်ကိုအံ့သြသွားတယ်။ သူတို့နဲ့ စကားဖြတ်ပြီး ကျောင်းပေါ်ကို ပြန်တက်လာပြီး ဗီဒီရိုကို ၂ကြိမ်လောက်ထပ်ကြည့်တယ်။

တောက်၊ ငိုးထဲမှ၊ ဘက်ကင်မရာကြီးနဲ့ အမှောင်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ရိုက်မိနေမှန်းမသိလိုက်ဘူး။

ဆောရီး၊ ဆောရီး၊ အကြောက်လွန်သွားလို့ ဖြစ်ဖြစ်ချင်းသတိမထားမိလိုက်တာ။

Unicode

“ခရီးသွားကြတဲ့အခါ မှောင်လာရင်ကားပေါ်မှာ ကင်မရာတွေနဲ့ ဟိုရိုက်၊ ဒီရိုက်မလုပ်မိကြပါစေနဲ့။´´

ဒီအကြောင်းကို ဖြစ်ဖြစ်ချင်းရေးချင်ပေမယ့် တချို့က ကိုယ်Celeဖြစ်ချင်လို့ရေးတယ် ထင်ကြလိမ့်မယ်။ ကိုယ်တိုင်ကလည်း ကိုယ့်Wallမှာ ဟာသတွေကလွဲရင် ဘာမှမတင်ချင်တာကြောင့် မရေးတင်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သတိထားစရာလေးတွေရှိလို့ သတိပေးအနေနဲ့ ပြန်မျှဝေလိုက်တာပါ။ ကိုယ်က တကယ်ကြုံခဲ့ရတဲ့သူဆိုပေမယ့် အများတွေမနစ်နာရအောင် မြို့နာမည်တွေတော့ ထည့်မရေးတော့ပါဘူး။

စိတ်ပြေလက်ပျောက်ဖြစ်အောင် အလုပ်လေးတွေထားခဲ့ပြီး ကျောင်းတုန်းကသူငယ်ချင်းနဲ့ အထက်မြန်မာပြည် ခရီးထွက်ဖို့ပြင်ဆင်လိုက်တယ်။ ရန်ကုန်ကနေ စထွက်ပြီး မြို့တမြို့မှာ တညတည်းကြတဲ့အချိန်ထိ ဘာပြဿနာမှ မရှိသေးဘူး။ မနက်လင်း ခရီးဆက်ထွက်ပြီး ဘော်ဒါက ကားမှာကင်မရာတပ်ဖို့ပြောတော့ ကားမောင်းတဲ့ကောင်လေးက သူ့သူငယ်ချင်းကားမှာကင်မရာတပ်ထားတာ တခါတခါ မကောင်းဆိုးဝါးတွေတွေ့တဲ့အတွက် သူကြောက်လို့ မတက်ဖို့တားတယ်။ အဲ့ချိန်မှာဘဲ ကိုယ်က ညဘက်ကျရင် ဖုန်းကင်မရာနဲ့ စမ်းကြည့်ဖို့ အကြံရသွားတယ်။ နာမည်ကြီးဘုရား၁ဆူကို ဝင်ဖူးပြီး အပြန်အိမ်အတွက်လက်ဆောင်ဝင်ဝယ်တယ်။ ဆိုင်ရှင်မိသားစုနဲ့ စကားဆက်မိတော့ ကိုယ်တွေဆက်သွားရမယ့်တောလမ်းက သတိထားစရာ၁ခုရှိလို့ တချို့ကုန်ကားတွေကလွဲပြီး ဘယ်ဘုရားဖူးကားမှ မဖြတ်ရဲကြကြောင်းပြောပြတယ်။

ကိုယ်တွေကလည်း ဝင်စရာရှိတော့ အဲ့လမ်းကဘဲအဆင်ပြေမှာမို့ မထူးဘူးဆိုပြီး ထွက်လာကြတယ်။ တဖြည်းဖြည်းနဲ့ အဲ့နေရာနားရောက်တော့ အတော်မှောင်နေပြီ။ ဘေးဘယ်မှာလည်း တောင်ကုန်းတွေနဲ့ ကွင်းပြင်တွေဘဲရှိတယ်။ ကိုယ်လည်းဖုန်ကင်မရာနဲ့ လိုက်ရိုက်တော့ ကားမောင်းတဲ့ကောင်လေးက သူကြောက်လို့ မရိုက်ဖို့တောင်းပန်တယ်။ အေးပါကွာဆိုပြီး ပြန်ပိတ်ထားလိုက်တယ်။ ကိုယ်တွေရှေ့မှာ ၁၂ဘီးကားတစ်စီးတော့ရှိတယ်။ တနေရာရောက်တော့ လမ်းကအဖြူး၊ ဘာမှလည်းမရှိဘဲနဲ့ အဲ့ကားက မောင်းနေရာကနေ အတင်းကွေ့ရှောင်သွားတယ်။ သူ့နောက်ကနေ ကိုယ်တွေက အကုန်မြင်နေရတော့ ၁ယောက်နဲ့၁ယောက်ပြန်ကြည့်ပြီး ဟုတ်တော့ဟုတ်နေပြီလို့ တွေးနေကြတယ်။

ခဏကြာတော့ ကိုယ်တွေကားက အကောင်းကြီးကနေ အပူချိန်က အမြှင့်ဆုံးပြနေတယ်။ ဒါနဲ့ခဏနားနေလိုက်တယ်။ နာရီဝက်လောက်ကြာလို့ ကားကိုစက်ပြန်နိုးကြည့်တော့လည်း လုံးဝအပူချိန်က မကျသွားဘူး။ မထူးဘူးဆိုပြီး ဆက်မောင်းလာတယ်။ ဘော်ဒါကတော့ ကားပေါ်မှာ အိပ်နေပြီ။ ကားမောင်းတဲ့ကောင်လေးမသိအောင် ဖုန်းကင်မရာနဲ့ ပတ်ဝန်းကျင်ကို ဗီဒီရို ခိုးရိုက်ထားလိုက်တယ်။ ခဏကြာတော့ ဘာများထူးမလဲဆိုပြီး ဖုန်းကိုကြည့်လို်က်တော့။ ဟ၊ဘာကြီးလဲဟ။ အရိပ်လိုလို၊ အကောင်လိုလိုနဲ့ ဖုန်းကင်မရာထဲမှာတွေ့လိုက်တယ်။ ကြက်သီးတွေတောင် ချက်ချင်းထသွားတယ်။ ငါမျက်စိမှားနေလို့ဖြစ်မယ်ဆိုပြီး ခဏကြာ ထပ်ကြည့်တော့မှ ထင်ထင်ရှားရှားဘဲ။ မျက်တောက်နီကြီးနဲ့။ ချက်ချင်းဖုန်းကို ပြန်ပိတ်လိုက်ပြီး ဗီဒီရိုကို Saveထားလိုက်တယ်။ သူတို့ကိုပြောပြရင်လည်း ကြောက်ပြီး ခရီးမတွင်တော့မှာစိုးလို့ မပြောဘူး။ မြို့ထဲရောက်တော့ အသိဘုန်းကြီးကျောင်းမှာ တည်းကြရင်း ဘုန်းကြီးကျောင်းသားကို အဲ့အကြောင်းတွေပြောပြတော့ အဲ့နေရာက အရမ်းခြောက်တာတဲ့၊ အဲ့နေရာမှာ လူကြီးတယောက်ကားတိုက်ခံရပြီး ဆုံးသွားတာတဲ့။ တခါတလေ ကားပေါ်ထိ ပါလာတယ်လို့လည်း ပြောသံတွေကြားဖူးတယ်တဲ့။

သူ့အကြောင်းသိချင်ရင် သူမသေခင်က သူနဲ့ရင်းနှီးတဲ့သူတယောက်ရှိတယ်တဲ့။ ညဘက်ကျတော့ အကြောင်းသိတဲ့သူက ကျောင်းကိုခေါ်ထားလို့ရောက်လာတယ်။ ကျောင်းဝန်းထဲက ကွပ်ပျစ်လေးမှာထိုင်ကြပြီး သူ့ကိုဗီဒီရိုပြကြည့်တော့ သေချာတယ်တဲ့၊ အဲ့နေရာဘဲတဲ့။ သူကအရမ်းအနောက်သန်တာတဲ့။ ခုရိုက်ထားတဲ့ဗီီဒီရိုထဲမှာ ကျနော်တို့လည်း မကောင်းဆိုးဝါးကို တွေ့လိုက်တယ်တဲ့။ ဒါပေမယ့် ဆုံးသွားတဲ့ကောင်က ဒီပုံစံမဟုတ်ဘူးတဲ့။ ဟာ။ ဆိုးပြီ။ ကိုယ်တွေမသိနိုင်သေးတဲ့ တခြားဘာအကြောင်းတွေများထပ်ရှိနေအုံးမလဲလို့ ဝိုင်းစဉ်းစားကြတယ်။ မရှက်တမ်းဝင်ခံရရင် ကိုယ်လည်း တွေ့ပြီးကတည်းက အဲ့ဗီဒီရိုကို မကြည့်ရဲတော့လို့ မကြည့်တော့ဘူး။ သူတို့လည်း ဝို်င်းစဉ်းစားပေးကြပေမယ့် နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်တိုင်ပြန်ကြည့်တယ်။ တကယ့်ကိုအံ့သြသွားတယ်။ သူတို့နဲ့ စကားဖြတ်ပြီး ကျောင်းပေါ်ကို ပြန်တက်လာပြီး ဗီဒီရိုကို ၂ကြိမ်လောက်ထပ်ကြည့်တယ်။

တောက်၊ ငိုးထဲမှ၊ ဘက်ကင်မရာကြီးနဲ့ အမှောင်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ရိုက်မိနေမှန်းမသိလိုက်ဘူး။

ဆောရီး၊ ဆောရီး၊ အကြောက်လွန်သွားလို့ ဖြစ်ဖြစ်ချင်းသတိမထားမိလိုက်တာ။