Lifestyle

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချုပ်ပြီး လက်မှတ်ထိုး ထားတဲ့ MASK (၂)ခုကို လေလံတင် ရောင်းချမယ်

ရောဂါထိန်းချုပ်ရေးရန်ပုံငွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ချုပ်လုပ်ထားပြီး လက်မှတ်ရေးထိုးထားတဲ့ Mask (၂)ခုကို လေလံတင်ရောင်းချသွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲကနေတစ်ဆင့် သိရပါတယ်။ ”Mask နှစ်ခုမှာ အမေ့ရဲ့လက်မှတ်လေးထိုးပေးပြီး နေပြည်တော် အတွက်တစ်ခု၊ ရန်ကုန်အတွက်တစ်ခု လေလံတင်ကြည့်ပြီးတော့ ရန်ပုံငွေလှူပေးလို့ရနိုင်ပါတယ်”လို့

အဲဒီအွန်လိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ ကိုမောင်မောင်အေး က တင်ပြခဲ့တာပါ။ ကိုမောင်မောင်အေးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာကို သိန်း ၂၄၀၀ ရရှိအောင် လေလံတင်ရောင်းချပေးခဲ့တဲ့သူထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို တင်ပြခဲ့တဲ့အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က ”ကောင်းပါပြီ။

လုပ်ထားတဲ့ Mask ကလည်း နှစ်ခုပဲ ရှိပါတယ်။ နှစ်ခုလုပ်ထားတာရှိတဲ့ အတွက် နှစ်ခုစလုံးပေး လိုက်လို့ရပါတယ်” လို့ ပြန်လည်ပြောကြား ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့  ရောဂါပိုးပြန့်ပွားမှုကိုထိန်းချုပ်ရာမှာ ပထမအကြိမ်ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့ စဥ◌်တုန်းကလို အလှူရှင်တွေ သိပ်မရှိတော့အတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတယ်လို့ အဲဒီ အွန်လိုင်း ဆွေးနွေးပွဲ ကနေ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချုပ်ပြီး လက်မှတ်ထိုး ထားတဲ့ Mask (၂)ခုကို လေလံတင် ရောင်းချမယ်

ရောဂါထိန်းချုပ်ရေးရန်ပုံငွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ချုပ်လုပ်ထားပြီး လက်မှတ်ရေးထိုးထားတဲ့ Mask (၂)ခုကို လေလံတင်ရောင်းချသွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲကနေတစ်ဆင့် သိရပါတယ်။ ”Mask နှစ်ခုမှာ အမေ့ရဲ့လက်မှတ်လေးထိုးပေးပြီး နေပြည်တော် အတွက်တစ်ခု၊ ရန်ကုန်အတွက်တစ်ခု လေလံတင်ကြည့်ပြီးတော့ ရန်ပုံငွေလှူပေးလို့ရနိုင်ပါတယ်”လို့

အဲဒီအွန်လိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ ကိုမောင်မောင်အေး က တင်ပြခဲ့တာပါ။ ကိုမောင်မောင်အေးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာကို သိန်း ၂၄၀၀ ရရှိအောင် လေလံတင်ရောင်းချပေးခဲ့တဲ့သူထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို တင်ပြခဲ့တဲ့အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က ”ကောင်းပါပြီ။

လုပ်ထားတဲ့ Mask ကလည်း နှစ်ခုပဲ ရှိပါတယ်။ နှစ်ခုလုပ်ထားတာရှိတဲ့ အတွက် နှစ်ခုစလုံးပေး လိုက်လို့ရပါတယ်” လို့ ပြန်လည်ပြောကြား ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့  ရောဂါပိုးပြန့်ပွားမှုကိုထိန်းချုပ်ရာမှာ ပထမအကြိမ်ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့ စဥ◌်တုန်းကလို အလှူရှင်တွေ သိပ်မရှိတော့အတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတယ်လို့ အဲဒီ အွန်လိုင်း ဆွေးနွေးပွဲ ကနေ သိရပါတယ်။credit