Celebrities

တစ်စုံတစ်ယောက်ကို သဝန်တိုရ ဒေါသထွက်ရ ချုပ်ချယ်ရတဲ့ပင်ပန်းမှုတွေမရှိတော့လို့ ဘဝကြီးသာယာတယ်ဆိုတဲ့ G-fatt

ပရိသတ်ကြီးရေ အမိုက်စား Rap စာသားတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် G-fatt ကတော့ ချစ်သူနဲ့လမ်းခွဲပြတ်စဲပြီးနောက်မှာ တော့ တစ်ကိုယ်ထဲဘဝနဲ့ သူချစ်တဲ့သီချင်းတွေကိုပဲ ဆက်လက်ကြိုးစားလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူ့ရဲ့ အချစ်ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ် ။

လတ်တလောမှာတော့ တစ်ဦးတစ်ယောက်အား သဝန်တိုရခြင်း ၊ ချော့ရခြင်း ၊ ရန်ဖြစ်ထားတဲ့ညဆို အိပ်မရခြင်း ၊ဝမ်းနည်းရခြင်း ၊ ဒေါသထွက်ရခြင်း၊ ပူဆွေးလွမ်းဆွတ်ရခြင်း ၊ ချုပ်ချယ်ခံရခြင်းနှင့် ချုပ်ချယ်လိုခြင်း အစရှိသော စိတ်ပင်ပန်းမှုများ အလျင်းမရှိသော ငါ့ဘဝကြီးကား သာယာလှပေစွ ဟု တွေးတောဆင်ခြင်မိကာ ကျေနပ်စွာ ပြုံး၍ နှစ်ခြိုက်စွာ အိပ်စက်တော့မည် ဖြစ်ပါသည် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။

G-fatt ရဲ့အမာခံပရိသတ်တွေကတော့ သူတို့ရဲ့ Idol ကို အခုလို အေးချမ်းပျော်ရွှင်နေတာကို ပဲမြင်ချင်တယ်ဆိုတဲ့ မှတ်ချက်လေးတွေ လည်း ရေးသားထားကြတာတွေ့ရပါတယ် ။ တစ်ချို့ပရိသတ်တွေကလည်း ခုတော့ ဒီစကားပြောပြီပေါ့ ဆိုပြီး စနောက်မှတ်ချက်တွေရေးသားထားကြပါသေးတယ် ။

#credit